DVB Logo
Home
အားကစား
ဩစတြေးလျအိုးပင်း၌ ဂျိုကိုဗစ်ကို အနိုင်ရခဲ့သည့် အယ်လ်ကာရက်ဇ် အသက်ငယ်ဆုံး ချန်ပီယံဖြစ်လာ
DVB
·
February 2, 2026
ဩစတြေးလျအိုးပင်း၌ ဂျိုကိုဗစ်ကို အနိုင်ရခဲ့သည့် အယ်လ်ကာရက်ဇ် အသက်ငယ်ဆုံး ချန်ပီယံဖြစ်လာ
Donate to DVB

စပိန်တင်းနစ်သမား ကားလို့စ် အယ်ကာရက်စ်က နာမည်ကြီးတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်ကို ဖိုင်နယ်ပွဲစဉ်မှာ အနိုင်ယူပြီး ဩစတြေးလျအိုးပင်းတန်းနစ် ချန်ပီယံဆုကို ရယူခဲ့လို့ အဓိက ဖလား ၄ ခုကို ဆွတ်ခူးနိုင်တဲ့ အသက်အငယ်ဆုံး လူငယ်ကစားသမား ဖြစ်လာပါတယ်။

တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ဩစတြေးလျအိုးပင်းတန်းနစ် ဖိုင်နယ်ပွဲစဉ်မှာ အယ်ကာရက်စ်က ဂျိုကိုဗစ်ကို ၂-၆၊ ၆-၂၊ ၆-၃၊ ၇-၅ တို့နဲ့ အနိုင်ရရှိခဲ့တာပါ။ 

၂၂ နှစ်သား အယ်ကာရက်စ်ကတော့ ပြီးခဲ့တဲ့နှစ် ကွာတာဖိုင်နယ်မှာ ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့ဖူးပြီး ဒီနှစ်ဖိုင်နယ်ပွဲမှာတော့ ပြန်လည်အနိုင်ယူခဲ့တာပါ။

ဂျိုကိုဗစ်ဟာ ဩစတြေးလျအိုးပင်း ဖိုင်နယ်ပွဲစဉ်မှာ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့  ၂၅ ကြိမ်မြောက် ဂရင်းစလန်းဆုကိုရယူမဲ့ အိမ်မက် ပျက်ပြယ်ခဲ့ရပါတယ်။

စပိန်နိုင်ငံသား အယ်ကာရက်စ်ကတော့ မဲဘုန်းမြို့ ရော့ဒ်လေဗာအာရီနာကွင်းထဲမှာ သူ့ရဲ့ ဂရန်းစလမ်း ၇ ကြိမ်မြောက်ဆုကို ရယူပြီး ပရိတ်သတ်တွေရှေ့မှာ အောင်ပွဲခံခဲ့ပါတယ်။

အယ်ကာရက်ဇ်ဟာ အမျိုးသားတဦးချင်းပြိုင်ပွဲတွေမှာ ယူအက်စ်အိုးပင်း၊ ဝင်ဘယ်ဒန်၊ ပြင်သစ်အိုးပန်း စတဲ့ အဓိက ပြိုင်ပွဲကြီး ၃ ခုမှာ ဂရန်းစလန်း ၂ ကြိမ်စီ ဆွတ်ခူးထားနိုင်ခဲ့ပြီး ဩစတြေးလျအိုးပင်း ပွဲစဉ်မှာတော့ အခုတကြိမ်က ပထမဆုံးအကြိမ် ဂရန်းစလန်း ချန်ပီယံ ဖြစ်လာခဲ့တာပါ၊

ဒါကြောင့် အဓိကပြိုင်ပွဲကြီး ၄ ခုစလုံးမှာ ဂရန်းစလန်းချန်ပီယံဆုကို ရရှိနိုင်တဲ့ အသက်ငယ်ဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။ 

အသက် ၂၃ နှစ် ဒွန်ဘဒ်ဂျ်က အသက်အငယ်ဆုံးအဖြစ် ကစားသမားအဖြစ် ဂရန်းစလန်း ၄ ခုလုံးကို အနိုင်ရခဲ့တဲ့ စံချိန်ဟာ ၁၉၃၈ ခုနှစ် ပြင်သစ်အိုးပန်းကို အနိုင်ရခဲ့စဉ်က ဖြစ်ပြီး နှစ်ပေါင်း ၈၈ အကြာမှာ အယ်လ်ကာရက်ဇ်က အသက် ၂၂ နှစ်နဲ့ အသက်အငယ်ဆုံး ဂရန်းစလန်း ၄ ခုလုံးကို ရတဲ့ ချန်ပီယံစံချိန်သစ်ကို တင်နိုင်ခဲ့တာပါ။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013