DVB Logo
Home
အားကစား
ပါရီအိုလံပစ် မီးရှူးတိုင်ကို ပြင်သစ်နိုင်ငံတဝန်း၌ ၆၈ ရက်ကြာ လှည့်လည်မည်
DVB
·
April 24, 2024
ပါရီအိုလံပစ် မီးရှူးတိုင်ကို ပြင်သစ်နိုင်ငံတဝန်း၌ ၆၈ ရက်ကြာ လှည့်လည်မည်
Donate to DVB

၂၀၂၄ ပါရီအိုလံပစ်အတွက် မီးရှူးတိုင်ကို ဂရိနိုင်ငံကနေ သင်္ဘောနဲ့သယ်ဆောင်ကာ   ပြင်သစ်နိုင်ငံတဝန်းမှာ ၆၈ ရက်ကြာ လှည့်လည်ဖို့ အစီအစဉ်ရှိပါတယ်။

ဂရိနိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် အိုလံပီယာမြို့မှာ အိုလံပစ်မီးရှူးတိုင်ကို နေရောင်ခြည်နဲ့ ထွန်းညှိမှု အခမ်းအနားကိုတော့ ဧပြီ ၁၅ ရက်နေ့က အစမ်းလေ့ကျင့်ခဲ့ပါတယ်။

လေ့ကျင့်ရာမှာ ဂရိရုပ်ရှင်သရုပ်ဆောင် မာရီမီနာက နတ်ဆရာမကြီးအဖြစ် သရုပ်ဆောင်ပြီး  မှန်ဘီလူးခုံးကိုသုံးကာ နေရောင်ခြည်နဲ့ မီးတုတ်ကို ထွန်းညှိခဲ့ကာ “အပိုလို၊ အရှင် နေနတ်မင်း၊ အလင်းရောင်၏ အရှင်သခင်၊ ဖော်ရွေပျူငှာသော ပါရီမြို့တော်အတွက် သခင့်၏ ရောင်စဉ်တန်းများနှင့် အလင်းရောင်ကို ဤမီးရှူးတိုင်ပေါ် ဖြန့်ကြက်ပေးသနားပါလော့” ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။

အဲဒီကမှ မီရှူးတိုင်ကို ဂရိနိုင်ငံတဝန်း ၁၁ ရက်ကြာ သယ်ဆောင်လှည့်လည်မှာဖြစ်ပြီး ဧပြီ ၂၆ ရက်မှာတော့ အေသင်မြို့၊ ပန်နာသင်းနစ် ကစားကွင်းမှာ ပါရီအိုလံပစ်ပွဲ စီစဉ်သူတွေလက်ကို လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ ဒီကစားကွင်းဟာ ပထမဆုံး ခေတ်သစ်အိုလံပစ် ကစားပွဲကို ၁၈၉၆ ခုနှစ်က ကျင်းပခဲ့ရာနေရာ ဖြစ်ပါတယ်။

အစမ်းလေ့ကျင့်တဲ့နေ့မှာ အဆင်ပြေခဲ့ပေမဲ့ ၁၆ ရက်နေ့ အခမ်းအနားပြုလုပ်ချိန်မှာတော့ မိုးအုံ့နေလို့ နေရောင်နဲ့ မီးညှိလို့မခဲ့ပါဘူး။ ဒါပေမဲ့ အစမ်းလေ့ကျင့်တဲ့နေ့က ထွန်းညှိထားတဲ့ မီးတောက်ကနေ ကူးယူနိုင်ခဲ့ပါတယ်။ ရှေးခေတ် ဂရိဒဏ္ဍာရီလာ ဟီရာနတ်ဘုရားမရဲ့ အနှစ် ၂၅၀၀ သက်တမ်းရှိတဲ့ ဘုရားကျောင်းနံဘေးမှာ အခမ်းအနားပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မီနာကနေတဆင့် မီးတောက်ကို ပထမဆုံး မီးရှူးတိုင်သယ်ဆောင်သူ အိုလံပစ် လှေလှော်ချန်ပီယံ စတက်ဖနော့စ်တူစကော့ရဲ့ မီးရှူးတိုင်ကို မီးကူးပေးလိုက်ပါတယ်။

နောက်တရက်မှာတော့ “ဘယ်လမ်” အမည်ရ ရွက်သုံးရွက်တပ် သင်္ဘောကြီးနဲ့ ပြင်သစ်ကို သယ်ဆောင်သွားမှာဖြစ်ပြီး မေ ၈ ရက်နေ့ မာဆေးမြို့ ဆိပ်ကမ်းဟောင်းကို ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

ဘယ်လမ် သင်္ဘောကက်ပတိန် ကွန်မန်ဒါ အေးမရစ်ဂီးဘတ်က “အိုလံပစ်မီးတောက်ကို ပထမဆုံးအကြိမ် ပင်လယ်ရေကြောင်းကနေ သယ်ဆောင်ခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်။ ... ဒါက ကမ္ဘာကြီးကိုရော၊ ပြင်သစ်သမိုင်းကြောင်းကိုရော၊ ဂရိနဲ့ ပြင်သစ်ကြား ဆက်စပ်မှုအတွက်ပါ သက်ရောက်မှုရှိပါလိမ့်မယ်။ အိုလံပစ်မီးတောက်ကို ဒီလိုအခမ်းအနားမျိုးနဲ့ ဂေဟဗေဒနဲ့ သဟဇာတဖြစ်တဲ့ နည်းမျိုးနဲ့ သယ်ယူတဲ့အတွက် ဂုဏ်ယူမိပါတယ်”

မီးရှူးတိုင်ကြိုဆိုပွဲကို လူတသိန်းခွဲလောက် တက်မယ်လို့ မှန်းထားပါတယ်။ ပြင်သစ်နိုင်ငံတဝန်း ၆၈ ရက်ကြာ လှည့်လည်ပြီးနောက် ဇူလိုင် ၂၆ ရက်နေ့ ပါရီမြို့မှာ အိုလံပစ်အားကစားပွဲ စတင်ချိန်ကျမှ ကစားကွင်းထဲမှာ မီးထွန်းညှိမှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013