Search Results For: ပေါ့ဘာ

အီဗရာဟီမိုဗစ်အပေါ်စွပ်စွဲချက် ပေါ့ဘာကာကွယ်ပြောဆို

ဇလာတန်အီဗရာဟီမိုဗစ်အပေါ် ပြောဆိုနေကြတဲ့ လူမျိုးရေး ခွဲခြားမှု စွပ်စွဲချက်တွေကို အသင်းဖော်ဟောင်း မန်ယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဘာက ကာကွယ်ပြောဆိုလိုက် ပါတယ်။ 

အင်္ဂါနေ့က မီလန်ဒါဘီပွဲအပြီး ဇလာတန်နဲ့ လူကာကူတို့ ကြားပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဇလာတန်ဟာ ဒီလိုစွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ 

မြို့ခံ  ပြိုင်ဘက် နှစ်သင်းယှဉ်ပြိုင်ကြတဲ့ ကိုပါအီတလီယာဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်တာမီလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ လူကာကူနဲ့ ဇလာတန်တို့ဟာလည်း ဒီပွဲမှာ အကြီးအကျယ်စကားများခဲ့ကြပါတယ်။

 ဒီပွဲမှာ ဇလာတန်က မီလန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။ 

လူကာကူက အင်တာမီလန်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အချိန်ပိုမှာ အဲရစ်ဆင်က အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီပွဲမှာ စကားများမှုဟာ ပြောစရာ ဖြစ်ခဲ့ပြီး ရလဒ်အနေနဲ့ ၂ ဦးစလုံး အဝါကတ်ထိခဲ့ပါတယ်။ 

စကားများရာမှာ ဇလာတန်ဟာ လူကာကူကို “ မင်းရဲ့ ဗူဒူးကိုပဲ လုပ်နေစမ်းပါ မြည်းပေါက်လေးရာ။ မင်းရဲ့ အသုံးမကျတဲ့ ဗူဒူးကိုပဲ သွားလုပ်စမ်းပါ။ မင်းအမေပါခေါ်သွား” လို့ပြောနေတာကို ကြားခဲ့ရပြီး လူကာကူကလဲ “ ဟာအထဲသွားမယ် ငပေါရဲ့၊ မင်းနဲ့ငါတွေ့မယ်” လို့ ပြန်လည်ပြောဆိုခဲ့တာကိုကြားခဲ့ရပါတယ်။ 

ထွက်ပေါ်လာတဲ့သတင်းအရ ဇလာတန်ပြောခဲ့တဲ့ “ ဗူဒူး” ဆိုတဲ့စကားဟာ အဲဗာတန် အသင်း ပိုင်ရှင် ဖာဟတ်မိုရှီရီပြောဆိုခဲ့တဲ့တာနဲ့ ပတ်သက်နေတယ်လို့လည်း သိရပါတယ်။ 

မိုရှီရီက “ဗူဒူး” ဆိုတဲ့စကားကို ပြောဆိုခဲ့တာကြောင့် လူကာကူဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့တာလို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး ဒီသတင်းတွေကို ကစားသမားရဲ့ကိုယ်စားလှယ်အဖွဲ့က ငြင်းဆိုခဲ့ဖူးပါတယ်။ 

ဒီ “ဗူဒူး” ဆိုတဲ့ပြောစကားကြောင့် ဇလာတန်ဟာ လူကာကူကို လူမျိုးရေး ခွဲခြားခဲ့တာလို့ တချို့က ဝေဖန်ခဲ့ကြပြီး ကစားသမားကိုယ်တိုင် သူ့ပြောစကားနဲ့ပတ်သက်လို့ ပြန်လည်ဖြေရှင်းခဲ့ ရပါတယ်။ 

“ဇလာတန်အတွက် လူမျိုးရေးခွဲခြားမှုဆိုတာ မရှိပါဘူး။ ကျနော်တို့ အားလုံးဟာ မျိုးနွယ်တူတွေပါပဲ။ အကုန်လုံးညီတူညီမျှပါပဲ။ ကျနော်တို့ဟာ ဘောလုံးသမားတွေပါ။ တချို့က တခြားသူတွေထက် ပိုကောင်းနေ ပါတယ်” လို့ဆွီဒင်ကစားသမားက သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ 

ပေါ့ဘာကလည်း သူ့ ကစားဖော် ဟောင်းအပေါ်ကျရောက်နေတဲ့ စွပ်စွဲချက်တွေကို တွစ်တာမှာ ရှင်းလင်းရေးသားရင်းနဲ့ကာကွယ်ပေးခဲ့ပါတယ်။  

ပေါ့ဘာက “ ဇလာတန်က လူမျိုးရေး ခွဲခြားတယ်တဲ့လား။ သူက ကျနော်ကို အရမ်း ချစ်တဲ့လူပါ။ ဒါ့ကြောင့် လူမျိုးရေးခွဲခြားတယ်ဆိုရင် ကျနော့်ခေါင်းထဲ နောက်ဆုံးမှ ရောက်လာမယ့်သူဟာ ဇလာတန်ပါပဲ။ လုပ်စမ်းပါ။ ဒါက နောက်စရာမဟုတ်ပါဘူး” လို့ ပေါ့ဘာက ကာကွယ်ပြောဆိုခဲ့ပါတယ်။ 

အင်္ဂါနေ့ ဖြစ်ရပ်တွေကြောင့် ဇလာတန်ဟာ အဝတ်လဲခန်းမှာ အသင်းဖော်တွေကို ပြန်လည်တောင်းပန်ခဲ့တယ်လို့လည်း မီလန်နည်းပြ ပီအိုလီက  ပြောပါတယ်။ 

4 months Ago

ဘယ်ခြေကန်ချက်ဖြင့် လှလှပပဂိုးသွင်းယူနိုင်ခဲ့သည့်အပေါ် ပေါ့ဘာ မှတ်ချက်ပြု

အားမသန်တဲ့ ဘယ်ခြေကန်ချက်ကြောင့် လှပတဲ့ ဂိုးဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ကြောင်း မန်ယူကွင်းလယ်လူ ပေါ့ဘာက ပြောပါတယ်။  ပေါ့ဘာဟာ ဖူဟမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့အပြင်းကန်သွင်းယူခဲ့တာပါ။ ညာသန်ဖြစ်တာကြောင့် အားနည်းတဲ့ဘယ်ခြေကန်ချက်က အခုလောက်ကောင်းမွန်တဲ့ ဂိုးဖြစ်သွား လိမ့်မယ်လို့ မထင်ခဲ့ကြောင်း ပွဲအပြီးမှာ ပေါ့ဘာကပြောခဲ့တာပါ။ “ကျနော် ဘောလုံးကို ကောင်းကောင်းကန်နိုင်ခဲ့တယ်။ ဘယ်ခြေက ဒီလောက် ပြင်းလိမ့်မယ်လို့တောင် မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ဒီလိုသာ ကန်ဖို့ မကြိုးစားဘူးဆိုရင် ဒီလို လှပတဲ့ ဂိုးလည်းရမှာ မဟုတ်ပါဘူး။ ဒီဂိုးက လှပတဲ့ ဂိုးဖြစ်ခဲ့သလို နိုင်ပွဲကလည်း အလွန်ကောင်းခဲ့ ပါတယ်” လို့ ပေါ့ဘာက BT Sportရုပ်သံကို ပြောခဲ့တာပါ။  ပေါ့ဘာဟာ ဘန်လေနဲ့ပွဲမှာလည်း အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး အဲဒီပွဲက သွင်းဂိုးထက် ဘယ်ခြေနဲ့ သွင်းခဲ့တဲ့ ဖူဟမ်နဲ့ပွဲက ဂိုးကို ပိုကြိုက်ကြောင်း ပေါ့ဘာကပြောသွားခဲ့ပါတယ်။  မန်ယူအသင်းဟာ ပေါ့ဘာရဲ့ ဂိုးနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။  
4 months Ago

ပေါ့ဘာ၏ခြေစွမ်းကို  မန်ယူနောက်ခံလူဟောင်းဖာဒီနန် ချီးကျူး

ပေါ့ဘာဟာ ပုံမှန်ခြေစွမ်းသာရှိမယ်ဆိုရင် အကောင်းဆုံးကစားသမား တစ်ဦးဖြစ်တယ်လို့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ချီးကျူးလိုက်ပါတယ်။  ပေါ့ဘာဟာ ဖူဟမ်ကို ၂ဂိုး ၁ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို ဧရိယာထိပ်က လှမ်းကန်သွင်းပြီး ရယူပေးခဲ့တာပါ။  BT Sport ရုပ်သံကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ နောက်ခံလူဟောင်းဖာဒီနန်ကတော့  ပေါ့ဘာရဲ့ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။ ”ဒီနေ့ပွဲမှာ ပေါ့ဘာအတော်လေး ကောင်းပါတယ်။ ခံစစ်ရော တိုက်စစ်ကိုပါ လိုက်ပါ ကူညီ နိုင်ခဲ့တယ်။ တခြားပွဲတွေနဲ့ကွာခြားတာက ဒီပွဲမှာသူကဘောလုံးကို ကိုင်မထားဘဲ မြန်မြန် ပေးပို့တယ်။ ပေါ့ဘာက စာချုပ်ခေါ်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလောက် ခြေစွမ်း မတည်ငြိမ်သေးပေမဲ့ လက်ရှိ အချိန်မှာ အရေးကြီးဆုံးကစားသမားဖြစ်လာပါပြီ” လို့ ဖာဒီနန်ကပေါ့ဘာကိုချီးကျူးခဲ့ပါ တယ်။  
4 months Ago

မန်ယူနိုက်တက်က ဖူဟန်ကို (၂-၁)ဂိုးဖြင့်နိုင်၊  ပေါ့ဘာ၏ခြေစွမ်းကို ဆိုးလ်ရှား ချီးကျူး

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းက ဖူလ်ဟမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက်  ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့  ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ချီးကျူးပြောဆို လိုက်ပါတယ်။  ဒီရာသီအစပိုင်းမှာ ပေါ့ဘာဟာ ဒဏ်ရာကြောင့် ပွဲထွက်ခွင့် နည်းပါးခဲ့သလို ကိုရိုနာ ဗိုင်းရပ်စ်ပါ ကူးစက်ခံခဲ့ရတာ ကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့သီတင်းပတ်တွေကစလို့ သူဟာ အသင်းအတွက် အားကိုးရတဲ့ ကစားသမား တစ်ဦးအဖြစ် ပြန်လာနိုင်ခဲ့ပါတယ်။  မနေ့ညက ပွဲစဉ် ပထမပိုင်း ၅ မိနစ်မှာပဲ ဖူဟန်အတွက် အဖွင့်ဂိုးကို လွတ်ခ်မန်းက သွင်းယူပေးခဲ့ပြီး မိနစ် ၂၁ မှာတော့ မန်ယူအတွက် ချေပဂိုးကို ကာဗာနီက သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ တဖက်တစ်ဂိုးစီသရေကျနေခဲ့တာပါ။ မန်ယူအတွက် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၆၅ မိနစ်မှာ ပေါ့ဘာက ဘယ်ခြေ ကန်ချက်နဲ့သွင်းယူပေးခဲ့ပါတယ်။  သူဟာ ၅ ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး အသင်းအတွက် ၂ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။  ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဆက်ရှိနေပြီး ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဆိုးလ်ရှားက ပေါ့ဘာကို ချီးကျူး ပြောဆို သွားခဲ့ပါတယ်။  “ကျနော်အရင်က ပြောခဲ့သလိုပဲ ကွင်းထဲမှာ ပေါ့ဘာ မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ သူဟာ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို၊ အခွင့်အရေးတွေ ဖန်တီးပြီး ကန်ချက်တွေကိုလည်း ပြသ နိုင်ခဲ့ပါတယ်။ ဒီနေ့ခြေစွမ်းကြောင့် သူဟာ ကွင်းလယ်မှာ သင့်တော်တဲ့ ကစားသမား တစ်ဦးလို့ ခံစားခဲ့ရပြီး သူ့ရဲ့ ဘယ်ခြေကန်ချက်ဟာလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ သူ တကယ်ကို ပြန်လာနိုင်ခဲ့ပါပြီ။ သူ့ ကြံ့ခိုင်ရေးကလည်း အကောင်းဆုံးပုံစံမှာရှိနေပြီး နေရာစုံမှာ ကစားနိုင်ခဲ့ ပါတယ်။ သူတကယ်ကို ကောင်းခဲ့ပါတယ်”  ဒီနေ့နိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ နောက်ဆုံးလိဂ်ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုအတွက် အဆင်သင့်ရှိနေကြောင်းကို ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၁၂-၂၀၁၃ ရာသီနောက်ပိုင်း ပထမဆုံးသော လိဂ်ဖလားကို ရရှိဖို့ အလားအလာအကောင်းဆုံး အခြေအနေမှာ ရှိနေပေမယ့် ဆိုးလ်ရှားကတော့ ချန်ပီယံဖြစ်ဖို့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို တတ်နိုင်သလောက် မပြောဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ 
4 months Ago

လာမယ့်ရာသီမှာ ကွင်းလယ်လူ ပေါ့ဘာကို ရောင်းချသွားရန် မန်ယူအသင်း ပြင်ဆင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ပေါ့ဘာကို အပြီးသတ် ရောင်းချသွား‌တော့မယ်လို့ သိရပါတယ်။ အသင်းဘက်က သက်တမ်းတိုး ကမ်းလှမ်းထားပေမယ့် ပေါ့ဘာဘက်က လက်မခံခဲ့တာကြောင့် အခုနှစ်ရာသီအကုန်မှာ အရောင်းစာရင်းတင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းက ပြင်ဆင်ထားတယ်လို့ Daily Mirror သတင်းမှာ ဖော်ပြပါတယ်။  ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ ကိုယ်တိုင်ကလည်း ပေါ့ဘာရဲ့ အနာဂတ်က မန်ယူနိုက်တက်အသင်းမှာ ပြီးဆုံးသွားပြီဖြစ်တယ်လို့ ပြောခဲ့ဖူးတာပါ။  ပေါ့ဘာကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ် အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဘက်ကတော့ ပေါ့ဘာကို ခေါ်ယူဖို့  စီရော်နယ်ဒို သို့မဟုတ် ဒိုင်ဘားလားနဲ့ မက်လုံးပေး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
4 months Ago

ပေါ့ဘာကို ရောင်းချသင့်၊ အေးဂျင့်ရွိုင်အိုလာဆီက ကစားသမား ထပ်မဝယ်ရန် နဗီးလ် တိုက်တွန်း

ပေါ့ဘာကို ရောင်းချသင့်သလို ရွိုင်အိုလာဆီက ဘယ်ကစားသမားကိုမှ မဝယ်ယူသင့်တော့ကြောင်း ဂယ်ရီနဗီးလ်က တိုက်တွန်းလိုက်ပါတယ်။  ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာဟာ မန်ယူအသင်းနဲ့ ပေါ့ဘာရဲ့ အနာဂတ် ပြီးဆုံးသွားပြီဖြစ်ကြောင်း အတိအလင်းပြောခဲ့တာပါ။  အဲဒီလို ပြောခဲ့တဲ့အပေါ် မန်ယူနည်းပြ ဆိုးလ်ရှားကလည်း ဝေဖန်ခဲ့ပြီး ကစားသမားဟောင်း နဗီးလ်ကလည်း ရွိုင်အိုလာကို ဝေဖန်ခဲ့တာပါ။  မန်ချက်စတာဒါဘီပွဲစဉ်မှာ မီကာရစ်ချက်နဲ့အတူ စကိုင်းစပေါ့မှာ သုံးသပ်တင်ဆက်ခဲ့တဲ့ နဗီးလ်ကတော့ တခြားအသင်းကို ပြောင်းရွှေ့လိုနေတဲ့ ပေါ့ဘာကို ရောင်းချသင့်ကြောင်း တိုက်တွန်းခဲ့တာပါ။  ဒါ့အပြင် ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာဆီကနေ ဘယ်ကစားသမားကို မဝယ်ယူသင့်တော့ကြောင်းနဲ့ အေးဂျင့်ဖြစ်သူရဲ့ ပြောစကားတွေက အတိုင်းအတာတစ်ခုအထိ ကျော်လွန်သွားပြီလို့ သုံးသပ်ခဲ့ပါတယ်။  မန်ယူအသင်းအနေနဲ့ နဗီးလ် တိုက်တွန်းခဲ့သလို အေးဂျင့်ရွိုင်အိုလာဆီက ကစားသမား မဝယ်ယူတော့ဖို့ ဆုံးဖြတ်ခဲ့ရင် ရွိုင်အိုလာရဲ့ ကစားသမားတစ်ဦးဖြစ်သူ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုလည်း ဝယ်ယူခွင့်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။
5 months Ago

အပြောင်းအရွှေ့ထက် လက်ရှိအခြေအနေပေါ် အာရုံစိုက်ကြောင်း ပေါ့ဘာ ပြော

အပြောင်းအရွှေ့ကိစ္စထက် လက်ရှိအခြေအနေအပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ မန်ယူကွင်းလယ်လူ ပေါ့ဘာက ပြောပါတယ်။  ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ အနာဂတ် ပြီးဆုံးသွားပြီဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက အတိအလင်းပြောကြားထားတာပါ။  မန်စီးတီးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ပေါ့ဘာက ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။  ပွဲအပြီးမှာတော့ သူ့ရဲ့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပေါ့ဘာက ဆိုရှယ်မီဒီယာကနေ မှတ်ချက်တစ်ခု ရေးသားခဲ့တာပါ။  ကစားသမားဘဝတလျှောက်မှာ အမြဲတမ်း ရုန်းကန်တိုက်ခိုက်ခဲ့သလို မန်ယူနိုက်တက်အသင်းအတွက်နဲ့ အသင်းဖော်တွေ၊ ပရိသတ်တွေအတွက်လည်း တိုက်ပွဲဝင်သွားမယ်လို့ ပေါ့ဘာက ပြောပါတယ်။  အပြောင်းအရွှေ့သတင်းတွေက အရေးမကြီးဘဲ အနာဂတ်ကလည်း အဝေးကြီးလိုသေးတာကြောင့် လက်ရှိအခြေအနေအပေါ်မှာပဲ အာရုံစိုက်ပြီး အကောင်းဆုံးခြေစွမ်းရရှိအောင် ကြိုးပမ်းသွားမယ်လို့ ပေါ့ဘာက ပြောပါတယ်။  ဆက်လက်ပြီး အသင်းနဲ့ သူ့အကြားက အခြေအနေဟာလည်း ရှင်းလင်းနေပြီး ဘယ်တော့မှ ပြောင်းလဲစရာမရှိကြောင်းလည်း ပေါ့ဘာက သူ့ရဲ့ အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။
5 months Ago

ပေါ့ဘာကို ပေါင်သန်း ၅၀ ခန့်ဖြင့် မန်ယူ လက်လွှတ်ရဖွယ်ရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ပေါ့ဘာကို ပေါင်သန်း ၅၀ လောက်နဲ့ လက်လွှတ်ရဖွယ်ရှိ တယ်လို့ သိရပါတယ်။  ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ ကိုယ်တိုင်က ပေါ့ဘာနဲ့ မန်ယူနိုက်တက်အသင်းတို့   ရဲ့အနာဂတ် ပြီးဆုံးသွားပြီဖြစ်ပြီး အသင်းပြောင်းရွှေ့တာက နှစ်ဖက်စလုံးအတွက် ကောင်းမွန်တဲ့ အဖြေဖြစ်တယ်လို့ လူသိရှင်ကြားပြောထားပါတယ်။  လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါ့ဘာကို ရောင်းချသွားဖို့ရှိနေပြီး ပေါင်သန်း ၅၀ ခန့်သာ ပြောင်းရွှေ့ကြေး ရရှိနိုင်မယ်လို့ The Sun သတင်းစာက ဖော်ပြ ပါတယ်။  မန်ယူအသင်းဟာ ပေါ့ဘာကို ၂၀၁၆ ခုနှစ်က ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။  မန်ယူအသင်းအနေနဲ့ ပေါ့ဘာကို ဝယ်ယူစဉ်ကထက် တန်ဖိုးလျှော့ချပြီး ရောင်းချရမှာ ဖြစ်ပေမဲ့ ထိပ်တန်းအဆင့် လုပ်ခလစာပေးချေနေရမှုကနေတော့ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။  ပေါ့ဘာဟာ တစ်ပတ် လုပ်ခပေါင် ၂၉၀,၀၀၀  အထိ ရရှိနေသူဖြစ်ပြီး သူ့ကို ရောင်းချ မယ်ဆိုရင် အသင်းရဲ့ဘဏ္ဍာရေးအတွက် ပိုမိုအဆင်ပြေနိုင်မယ်လို့သိရပါတယ်။  ပေါ့ဘာဟာ လက်တလော သတင်းတွေအရတော့  ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊အင်တာမီလန်အစရှိတဲ့အသင်းတွေ ဆီပြောင်းရွှေ့မယ်လို့ ရေပန်းစားနေပါတယ်။
5 months Ago

မန်ယူအသင်းတွင် ပေါ့ဘာ၏အနာဂတ် ပြီးဆုံးသွားပြီဟု အေးဂျင့်ပြော

ပေါ့ဘာရဲ့အနာဂတ်ဟာ မန်ယူအသင်းနဲ့ ပြီးဆုံးသွားပြီ ဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက ပြောပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မတိုင်ခင်အထိ  ၆ ပွဲဆက်တိုက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ အသင်းပြောင်းရွှေ့မယ့်သတင်း မကြာခဏ ထွက်ပေါ်တတ်တဲ့ ပေါ့ဘာနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာတော့ အေးဂျင့်ရွိုင်အိုလာက အတိအလင်း ထုတ်ဖော်ပြောခဲ့တာပါ။  မန်ယူအသင်းမှာ ပေါ့ဘာရဲ့အနာဂတ်က ပြီးဆုံးသွားပြီလို့ ပြောနိုင်ကြောင်း၊ ပေါ့ဘာဘက်ကလည်း အသင်းပြောင်းချင်နေသလို ပတ်ဝန်းကျင်အသစ်နဲ့လည်း စိန်ခေါ်မှုအသစ် လိုချင်နေတာကြောင့် အသင်းပြောင်းရွှေ့တာက နှစ်ဦးနှစ်ဖက်စလုံးအတွက် မှန်ကန်တဲ့အဖြေ ဖြစ်တယ်လို့ ပေါ့ဘာရဲ့အေးဂျင့် ရွိုင်အိုလာက အတည်ပြုပါတယ်။ ပေါ့ဘာအနေနဲ့ ဂျူဗင်တပ်စ်အသင်းကိုလည်း ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ ရွိုင်အိုလာက ပြောပါတယ်။  ဒါပေမဲ့  ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေပြီး ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ အင်တာမီလန် အစရှိတဲ့ အသင်းတွေဆီလည်း ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။
5 months Ago

ဆောက်သမ်တန်နှင့်ပွဲ၌ ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ် ပါဝင်ကစားရန် မသေချာဟု ဆိုးလ်ရှားပြော

ဆောက်သမ်တန်နဲ့ပွဲမှာ ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ ပါဝင်ကစားနိုင်ဖို့ မသေချာဘဲဖြစ်နေတယ်လို့ မန်ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ မန်ယူအသင်းဟာ နိုဝင်ဘာ ၂၉ ရက်နေ့ ဆောက်သမ်တန်နဲ့ ကစားရမှာဖြစ်ပြီး ခြေချင်းဝတ် ဒဏ်ရာရနေတဲ့ပေါ့ဘာ ဒဏ်ရာက ပြန်လည်သက်သာလာခြင်းမရှိသေးဘူးလို့ သိရပါတယ်။  ပေါ့ဘာဟာ နိုဝင်ဘာ ၂၇ ရက်အထိ လေ့ကျင့်ခန်းပြန်မဆင်းနိုင်ခဲ့တာကြောင့် ဆောက်သမ်တန်နဲ့ပွဲကို ဆက်လက်လွဲချော်ဖို့ရှိနေပါတယ်။  ဒါ့အပြင်  တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာလည်း လေကျင့်ခန်းပြန်ဆင်းခဲ့ပေမယ့် ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးကြောင်း နည်းပြ ဆိုးလ်ရှားက အတည်ပြုပါတယ်။  တွန်မီနေးနဲ့ ပေါ့ဘာတို့က နိုဝင်ဘာ ၂၇ ရက်အထိ လေ့ကျင့်ခန်းမဆင်းနိုင်သေးသလို ရက်ရှ်ဖို့ဒ်၊ လင်ဒီလော့ဖ်နဲ့ ဝမ်ဘစ်ဆာကာတို့ကတော့ လေ့ကျင့်ခန်းဆင်ခဲ့ပေမယ့် ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိသေးဘူးလို့ ဆိုးလ်ရှားက ပြောပါတယ်။  တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အစ္စတန်ဘူလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပင်နယ်တီကနေ ၁ ဂိုးသွင်းခဲ့ပြီး ပခုံးဒဏ်ရာရခဲ့တာကြောင့် ကြံ့ခိုင်မှုမပြည့်သေးတာ ဖြစ်ပါတယ်။
6 months Ago

ဘာဆက်စီဟာနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပေါ့ဘာ ပြန်လည်ကစားနိုင်မည်ဟု ဆိုးလ်ရှား ပြော

ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ ပေါ့ဘာ ပြန်လည်ပါဝင်ကစားနိုင်မယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။  ပေါ့ဘာဟာ ဝက်စ်ဘရွန်းအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။  ပေါ့ဘာဟာ ဆွီဒင်နဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးပမ်းခဲ့ပေမယ့် ပိုမိုဆိုးရွားလာတဲ့အတွက် ဝက်စ်ဘရွန်းနဲ့ ပွဲကို လွဲချော်ခဲ့တာလို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဒါပေမဲ့ တူရကီကလပ် အက်စ်တန်ဘူ ဘာဆက်ဆီဟာ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်တယ်လို့ ဆိုးလ်ရှားက ဆက်ပြောပါတယ်။  ပေါ့ဘာဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ဖရက်ဒ်၊ တွန်မီနေးနဲ့ ဘရူနိုဖာနန် ဒက်စ်တို့ရဲ့ ကွင်းလယ်အတွဲကိုပဲ ဆိုးလ်ရှားက အသုံးပြုခဲ့ပါတယ်။  ပေါ့ဘာဟာ ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီးတဲ့အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။
6 months Ago

ဝက်စ်ဘရွမ်းနှင့်ပွဲ၌ ပေါ့ဘာမပါဝင်နိုင်ခဲ့သည့်အပေါ် ဆိုးလ်ရှား ရှင်းလင်း

ဝက်စ်ဘရွမ်းနဲ့ ဒီနေ့မနက်အစောပိုင်း ပွဲစဉ်မှာ ကွင်းလယ်လူ ပေါ့ဘာ မပါဝင်နိုင်ခဲ့တာနဲ့ ပတ်သက်လို့ မန်ယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  ပေါ့ဘာဟာ နိုင်ငံတကာပွဲစဉ်တွေရှိတဲ့ သီတင်းပတ်မှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ နိုင်ငံတကာသီတင်းပတ်အပြီး ပထမဆုံးကစားခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာတော့ လူစာရင်းမှာမပါဝင်ခဲ့တာဖြစ်ပါတယ်။  ပေါ့ဘာဟာ ပြင်သစ်အသင်းကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲကို မိနစ် ၉၀ ပြည့်ပါဝင်ခဲ့ကာ နောက်တပွဲကို လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်တွေအတွင်း ပြင်သစ်နည်းပြဒက်ချမ်းစ်က ပေါ့ဘာကို ချီးကျူးပြောဆိုခဲ့ကာ နိုင်ငံ့အသင်းအတွက် သူ့ရဲ့စွမ်းဆောင်ရည်ဟာ ကလပ်အသင်းမှာနေရာရရှိဖို့အတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။  ပေါ့ဘာဟာ ကလပ်အသင်းကအခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေတာလို့လည်း ဒက်ချမ့်စ်က ပြောပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ ပိုဇေရှင်အောက်နေတာမျိုး မဟုတ်ဘဲ ရစ်သမ်မိဖို့လို အပ်နေတာလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ စနေနေ့ပွဲမှာ ပေါ့ဘာ မပါဝင်နိုင်ခဲ့တာလဲ သူ့ရဲ့ပုံစံ ဒါမှမဟုတ် နိုင်ငံတကာ သီတင်းပတ်မှာ သူပြောခဲ့တဲ့ စကားတွ နဲ့ သက်ဆိုင်မှုမရှိဘုးလို့ ဆိုလ်းရှားက ပြောပါတယ်။  ပေါ့ဘာမပါဝင်နိုင်တာက ဒဏ်ရာကြောင့်ဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောခဲ့တာကြောင့် အင်္ဂါနေ့ ကစားမယ့် အစ္စတန်ဘူလ် ဘာဆတ်ဆီဟာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတောင် ပေါ့ဘာပါဝင်နိုင်ဖို့ မသေချာတော့ဘူးလို့ မှတ်ယူနိုင်ပါတယ်။  “ပေါ့ဘာဟာ သူ့ရဲ့  နောက်ဆုံးပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး မနေ့က လေ့ကျင့်ရေးမလုပ်ခင်အထိ ခံစားနေရတုန်းဖြစ်ပါတယ်။ သူအင်္ဂါနေ့အတွက်ပြန်ကောင်းလာဖို့ မျှော်လင့်ပေမယ့် သေသေချာချာတော့ မပြောနိုင်သေးပါဘူး” လို့ ဆိုးလ်ရှားက ပြောပါတယ်။  ပေါ့ဘာဟာ ယူနိုက်တက်အသင်းအတွက် အခုရာသီအတွင်း ပရီးမီးယားလိဂ် ၇ ပွဲကစားပေး ထားပြီး ချန်ပီယံလိဂ် ၃ ပွဲစလုံးကိုလည်း ပွဲထွက်ခွင့်ရရှိထားသူဖြစ်ပါတယ်။
6 months Ago

ကစားသမားဘဝ အခက်ခဲဆုံး ဘောလုံးရာသီနှင့် ရင်ဆိုင်နေရဟု ပေါ့ဘာပြော

အခုနှစ် ဘောလုံးရာသီဟာ ကစားသမားသက်တမ်းတလျှောက် အခက်ခဲဆုံးအချိန် ဖြစ်တယ်လို့ မန်ယူကွင်းလယ်လူ ပေါ့ဘာက ပြောပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး နောက်ပိုင်းပွဲစဉ်တွေမှာ အရန်ခုံမှာပဲ ထိုင်နေရပြီး လူစားဝင်ကစားခွင့်ပဲ ရရှိခဲ့တာပါ။  ကလပ်အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း ပြင်သစ်အသင်းက ဆက်လက်ရွေးချယ်ပြီး ကစားခွင့်ပေးခဲ့တဲ့အပေါ်မှာ ကျေနပ်ပျော်ရွှင်မိကြောင်း ပြောပါတယ်။  ပြင်သစ်မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပေါ့ဘာက ပြောကြားရာမှာတော့ အခုနှစ်ရာသီလို ခက်ခဲတဲ့ အချိန်ကာလတစ်ခု ကစားသမားဘဝမှာ မရှိခဲ့ကြောင်း၊ ပြင်သစ်အသင်းက ပြန်လည် ရွေးချယ်ခဲ့တဲ့အပေါ်မှာတော့ စိတ်သက်သာရာရခဲ့ပြီး ပြင်သစ်အသင်းက အလွန်ထူးခြားပြီး မျက်လှည့်တစ်ခုလို ဖြစ်တယ်လို့ ပေါ့ဘာက ပြောပါတယ်။  ပေါ့ဘာဟာ ပေါ်တူဂီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ ကန်တေနဲ့အတူ ပြင်သစ် ကွင်းလယ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
6 months Ago

ပြင်သစ်အသင်းတွင် ပေါ့ဘာနှင့် တွဲဖက်ကစားရသဖြင့် ကျေနပ်ပျော်ရွှင်ဟု ကန်တေပြော

ပြင်သစ်လက်ရွေးစင်သင်းမှာ ပေါ့ဘာနဲ့အတူ တွဲဖက်ကစားခွင့်ရတာကို ကျေနပ်ပျော်ရွှင်မိတယ်လို့ အသင်းဖော် ကန်တေက ပြောပါတယ်။  ပြင်သစ်အသင်းက ပေါ်တူဂီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကန်တေက တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။  အဲဒီပွဲစဉ်မှာ ကန်တေနဲ့ ပေါ့ဘာတို့ ကွင်းလယ်အတွဲအဖက်ကို နည်းပြဒက်ချမ့်က အသုံးပြုခဲ့ပါတယ်။  ကန်တေနဲ့ ပေါ့ဘာတို့ဟာ ပြင်သစ်အတွက် အတူတွဲဖက် ကစားခဲ့တဲ့ ပွဲစဉ် ၂၆ ပွဲမှ ာရှုံးပွဲ လုံးဝမရှိခဲ့ဘဲ ပွဲ ၂၀ အထိ အနိုင်ရရှိခဲ့ပါတယ်။ ပေါ့ဘာမှာ ဒဏ်ရာပြဿနာတွေရှိခဲ့တာကြောင့် ပြင်သစ်အသင်းမှာ အတူတွဲဖက် ကစားခွင့်မရခဲ့တာ ကြာခဲ့ပြီဖြစ်တယ်လို့ ကန်တေက ပြောပါတယ်။ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့စဉ်က အတူကစားခဲ့ရတာကို အမှတ်တရဖြစ်ခဲ့ပြီး ပေါ့ဘာနဲ့ တွဲဖက် ကစားရတာကို ကျေနပ်ပျော်ရွှင်ရတယ်လို့ ကန်တေက ပြောပါတယ်။
6 months Ago

မန်ယူအသင်းတွင် ပေါ့ဘာ ပျော်ရွှင်မည်မဟုတ်ဟု ပြင်သစ်နည်းပြ ဒက်ချမ့် သုံးသပ်

မန်ယူနိုက်တက်အသင်းမှာ ပေါ့ဘာ ပျော်ရွှင်မှာမဟုတ်ကြောင်း ပြင်သစ်နည်းပြ ဒက်ချမ့်က သုံးသပ်လိုက်ပါတယ်။ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ယူအသင်းရဲ့ နောက်ဆုံး ၂ ပွဲမှာ အရန်ခုံမှာ ထိုင်ခဲ့ရပြီး လူစားဝင်ပြီးတော့ပဲ ကစားခွင့်ရခဲ့တာပါ။ ဖာနန်ဒက်စ်နဲ့အတူ ဖရက်ဒ်နဲ့ တွန်မီနေးတို့ကို ပွဲထွက်စေခဲ့တဲ့ နည်းပြဆိုးလ်ရှားဟာ ပေါ့ဘာရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ခဲ့တာကြောင့်လို့ သုံးသပ်ကြပါတယ်။  ပြင်သစ်အသင်းနဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြဒက်ချမ့်က ပေါ့ဘာရဲ့ အခြေအနေကို သုံးသပ်ခဲ့တာပါ။ ပေါလ်အကြောင်းကို ကောင်းကောင်းသိပြီး  ယူနိုက်တက်အသင်းက လက်ရှိအခြေအနေကို ပေါ့ဘာအနေနဲ့ ပျော်ရွှင်ကျေနပ်မှာ မဟုတ်ကြောင်း၊ ပွဲကစားချိန်နဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ ကစားရတဲ့နေရာနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် တစ်ခုခုအပေါ် ပျော်ရွှင်ကျေနပ်နေမှာ မဟုတ်ကြောင်း ဒက်ချမ့်က သုံးသပ်ခဲ့တာပါ။ ယူနိုက်တက်နောက်ခံလူဟောင်း ဖီးလ်နဖီးလ်ကလည်း ပေါ့ဘာကို အရန်ခုံထားခဲ့တဲ့ နည်းပြ ဆိုးလ်ရှားကို ဝေဖန်မှုတချို့ ပြုလုပ်ခဲ့ပါတယ်။
6 months Ago

ပေါ့ဘာအပြောင်းအရွှေ့ကိစ္စပြောရန် အချိန်စောသေးဟု ဂျူဗင်တပ်ဒါရိုက်တာပြော

မန်ယူကွင်းလယ်လူ ပေါ့ဘာရဲ့ အပြောင်းအရွှေ့ကိစ္စ ပြောဖို့ စောသေးကြောင်း ဂျူဗင်တပ်အသင်း ဒါရိုက်တာ ပါရာတီစီက မှတ်ချက်ပေးလိုက်ပါတယ်။  ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ဝေဖန်ခံနေရပြီး အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေပြန်လည် ထွက်ပေါ်နေတာပါ။  ပေါ့ဘာနဲ့သတင်းထွက်ပေါ်နေတဲ့အသင်းတွေထဲမှာ ဂျူဗင်တပ်အသင်းလည်း ပြန်လည်ပါဝင် နေတာပါ။  အသင်းအားကစား ဒါရိုက်တာ ပါရာတီစီကတော့ ပေါ့ဘာဟာ လက်ရှိအချိန်မှာ ယူနိုက်တက် ကစားသမားဖြစ်ပြီး သူ့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပြောဖို့ စောသေးတယ်လို့  စကိုင်းစပေါ့ အီတလီယာနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့တာပါ။  ပေါ့ဘာဟာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ ဂျူဗင်တပ်မှာ ကစားခဲ့ပြီး စုစုပေါင်း ၁၇၈ပွဲမှာ ၃၄ဂိုးသွင်းပြီး အကြိမ်၄၀ ဂိုးဖန်တီးပေး နိုင်ခဲ့ပါတယ်။
6 months Ago

ဒီလို ပြစ်ဒဏ်မျိုး မကျူးလွန်သင့်ပါဘူး၊ ဒီကိစ္စကနေ သင်ယူပါ့မယ် -  ပေါ့ဘာ

ဟက်တာဘယ်လာရင်ကို လဲကျစေခဲ့တဲ့ သူ့ရဲ့လုပ်ရပ်ဟာ အသုံးမကျတဲ့ အမှားတခု ဖြစ်တယ်လို့ မန်ယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာက ဝန်ခံပါတယ်။ ဒီပင်နယ်တီကြောင့် မန်ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ပေါ့ဘာဟာ ဘယ်လာရင်ကို မန်ယူနိက်တက်အသင်းရဲ့ ဧရိယာအတွင်းမှာ အဝင်ကြမ်းခဲ့တာကြောင့် ဒိုင်လူကြီးက အာဆင်နယ်ဘက်ကို ပင်နယ်တီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပင်နယ်တီကို အူဘာမီယန်းက ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပြီးတော့ မန်ယူနိုက်တက်အသင်းအတွက် အခုရာသီ တတိယမြောက် ပရီးမီးယားလိဂ် ရှုံးပွဲကို ကြုံတွေ့စေခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အကောင်းဆုံပုံစံမှာ ရှိမနေခဲ့ဘူးလို့ ပေါ့ဘာက ဝန်ခံသွားခဲ့ပါတယ်။  “ဒါဟာ အားနည်းတဲ့စွမ်းဆောင်ရည်ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလို ပြစ်ဒဏ်မျိုး မကျူးလွန်သင့်ပါဘူး။ ကျနော့်စိတ်ထဲမှာ ဘောလုံးကို ထိလိုက်တယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ မထိခဲ့ပါဘူး။ ကျနော့်ကြောင့် ဒီပင်နယ်တီကနေ ဂိုးပေးလိုက်ရတာပါ။ ကျနော် ပြောသလိုပါပဲ။ ကျနော်တို့အသင်းအနေနဲ့ ကျနော်ကနေစလို့ တသင်းလုံး ပိုကောင်းအောင် လုပ်ရပါမယ်။ ကျနော့်စိတ်ထင် သူ့ကို နည်းနည်းထိသွားတယ်လို့ ထင်ပါတယ်။ ကျနော် ဧရိယာထဲမှာ ရှိနေတယ် ဆိုတာကိုလည်း သိပါတယ်။ ကျနော် ဒီလိုအမှားမျိုး မလုပ်သင့်ပါဘူး။ ကျနော် အရမ်းမောပန်းနေလို့ ဒီလိုမျိုး မလုပ်သင့်တဲ့အမှားမျိုး ကျူးလွန်မိခဲ့တာပါ။ ကျနော် ဒီကိစ္စကနေ သင်ယူပါ့မယ်။ ကျနော့်ရဲ့ ဧရိယာအတွင်း ခံစစ်ကစားမှုတွေဟာလည်း အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တာကို လုပ်ဆောင်သွားပါ့မယ်။ တသင်းလုံးအနေနဲ့ ကျနော်တို့ အခွင့်အရေးတွေ ပိုမိုဖန်တီးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အဖြေရှာဖို့ လိုအပ်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ကျနော်တို့အသင်းဟာ ဘောလုံးကိုင်ထားရင်တောင် အန္တရာယ်မပေးနိုင်တဲ့ အနေအထားကို ရောက်နေတာပါ။ ဒါ့ကြောင့် ကျနော်တို့ တသင်းလုံးရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ” လို့ ပေါ့ဘာက ပြောပါတယ်။ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ပေါ့ဘာ ကျူးလွန်ခဲ့တဲ့ အမှားအတွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ မန်ယူနိုက်တက်အသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်မှာတော့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကန်ဖို့ ရှိပါတယ်။
7 months Ago

ပြင်သစ် လက်ရွေးစင်အသင်းမှ အနားယူမည့်သတင်း မဟုတ်မှန်ဟု ပေါ့ဘာပြော 

ပြင်သစ် လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်ဆိုတဲ့ သတင်းတွေဟာ လက်ခံနိုင်စရာ မရှိတဲ့ သတင်းအတုတွေသာ ဖြစ်တယ်လို့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာက ပြန်လည်ဖြေရှင်းလိုက်ပါတယ်။ မကြာသေးခင်က ပြင်သစ်နိုင်ငံမှာ ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံခဲ့ရပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဝေဖန်ရှုတ်ချခဲ့ပါတယ်။  သမ္မတရဲ့ ပြောစကားတွေကြောင့် ပေါ့ဘာဟာ ပြင်သစ် လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ အရှေ့အလယ်ပိုင်းက သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ အသတ်ခံခဲ့ရသူဟာ အသက် ၄၇ နှစ်အရွယ် ဆမ်မြူရယ်ပါတီ ဖြစ်ပါတယ်။ ပါတီဟာ အသတ်မခံရခင် သူ့ကျောင်းသားတွေကို တမန်တော် မိုဟာမက်ရဲ့ ကာတွန်းပုံတွေ ပြခဲ့တယ်လို့ သိရပြီး ဒီကိစ္စကြောင့် ကျောင်းက နေအိမ်ကိုပြန်ချိန်မှာ တိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သတ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က “စည်းလုံးညီညွတ်မှုနဲ့ ခိုင်မာမှုတို့ကသာလျှင် အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ ကြီးထွားလာမှုကို တိုက်ဖျက်နိုင်တဲ့အဖြေ ဖြစ်တယ်” လို့ ပြောပါတယ်။ ဒီလိုကိစ္စတွေဖြစ်အပြီးမှာ ပြင်သစ် မွတ်ဆလင်တစ်ဦးဖြစ်တဲ့ ပေါ့ဘာဟာ မက်ခရွန်ရဲ့ ပြောစကားတွေကြောင့် ပြင်သစ် လက်ရွေးစင်အသင်းအတွက် မကစားပေးတော့ဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။  ဒါပေမဲ့ မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကတော့ ဒီသတင်းတွေကို လူမှုကွန်ရက်ကနေ တဆင့် ငြင်းဆိုပါတယ်။ The Sun သတင်းဌာနမှာ ဒီအကြောင်း ရေးသားထားတဲ့ဓာတ်ပုံကို “လက်ခံနိုင်စရာမရှိတဲ့ သတင်းမှား” လို့ ရေးသားကာ သူ့ရဲ့တွစ်တာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ပြင်သစ် လက်ရွေးစင်အသင်းအတွက် ၇၂ ပွဲ ကစားပေးထားသူဖြစ်ပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။ သူဟာ ပြင်သစ်အသင်း ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဆွတ်ခူးမှုမှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။  ပေါ့ဘာဟာ အခုလအတွင်းမှာ ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ယူကရိန်း၊ ပေါ်တူဂီ၊ ခရိုအေးရှားအသင်းတို့နဲ့ ပွဲစဉ်တွေမှာလည်း နိုင်ငံ့လက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
7 months Ago

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် ပြင်သစ်အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့တယ်လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က အတည်ပြုပါတယ်။  အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ လာမယ့် ခရိုအေးရှား၊ ဆွီဒင်တို့နဲ့ပွဲစဉ်တွေအတွက် နိုင်ငံအသင်းမှာ ရွေးချယ်ခံထားရပေမယ့် ကျန်းမာရေးအခြေအနေကြောင့် သူ့နေရာမှာ ကာမာဗင်ဂါကို အစားထိုးရွေးချယ်ခဲ့တယ်လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ကျနော် ပေါ့ဘာကို လက်ရွေးစင်အသင်းအတွက်ရွေးချယ်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာပဲ သူ့ကျန်းမာရေးအခြေအနေကြောင့် အဒူရာဒို ကာမာဗင်ဂါနဲ့အစားထိုးရွေးချယ်ခဲ့ရပါတယ်။”  ပေါ့ဘာရဲ့ အခြေအနေနဲ့ပတ်သက်လို့ ယူနိုက်တက်အသင်းဘက်ကလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း ကြေညာချက်ထုတ်ပြန်ကာ အမြန်ဆုံးပြန်ကင်းသက်သာဖို့ ဆုတောင်းပေးခဲ့ပါတယ်။  ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် ပေါ့ဘာဟာ ၁၄ ရက်ကြာ သီးသန့်ခွဲခြား နေထိုင်ရတော့မှာဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုအစပိုင်းကိုလည်း လွဲချော်ရတော့မှာဖြစ်ပါတယ်။  ဒါပေမယ့် သူဟာ စက်တင်ဘာ ၁၉ ရက် ကစားမယ့် ယူနိုက်တက်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ ပါဝင်နိုင်ဖို့ရှိနေပါတယ်။ ဥရောပပြိုင်ပွဲအခြေအနေကြောင့် ယူနိုက်တက်အသင်းဟာ တခြားပရီးမီးယားလိဂ်အသင်းတွေထက်ပိုပြီးတော့ နားချိန် ၁ ပတ်ပိုရတာဖြစ်ပါတယ်။
9 months Ago

ပေါ့ဘာ အသင်းမပြောင်းတော့ဟု အေးဂျင့် အတည်ပြု

မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ အသင်းပြောင်းရွှေ့ဖို့ အစီအစဉ်မရှိတော့ဘူးလို့ အေးဂျင့်ရိုင်အိုလာက အတည်ပြုလိုက်ပါတယ်။  အသက် ၂၇ နှစ်ရှိ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ အသင်းပြောင်းရွှေ့ မယ့်သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတွေကလည်း ခေါ်ယူလိုခဲ့တာပါ။  စကိုင်းစပေါ့ အီတလီယာ သတင်းစာနဲ့ အင်တာဗျူးမှာတော့ ပေါ့ဘာအနေနဲ့ အခုနှစ်နွေရာသီမှာ အသင်းပြောင်းရွှေ့မှာမဟုတ်ကြောင်းနဲ့ ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ အနာဂတ်အစီအစဉ်မှာ ပါဝင်နေတဲ့ အဓိက ကစားသမားတဦးဖြစ်ပြီး ရာနှုန်းပြည့်အသင်းမှာ ဆက်ရှိနေမယ်လို့ အေးဂျင့်ရွိုင်အိုလာက အတည်ပြုခဲ့ပါတယ်။  ပေါ့ဘာဟာ အသင်းနဲ့စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့ပေမဲ့ စိုးရိမ်မှုမရှိကြောင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ မကြာခင် ဆွေးနွေးတော့မယ်လို့  ရိုင်အိုလာက ဆိုပါတယ်။ 
9 months Ago

ပေါ့ဘာကို အသင်းတွင် ဆက်ရှိစေချင်ဟု မန်ယူနည်းပြပြော

ကွင်းလယ်ကစားသမား ပေါ့ဘာကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက ပြောပါတယ်။  ကွင်းလယ်လူ ပေါ့ဘာဟာ အသင်းနဲ့စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး လာမယ့်နွေရာသီ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။  ပေါ့ဘာဟာ အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားပြီး အသင်းမှာ ပျော်ရွှင်နေသလို သူ့ရဲ့ကစားပုံဟာလည်း ကောင်းမွန်နေတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ပေါ့ဘာရဲ့ အကောင်းဆုံးခြေစွမ်းတွေကို အသင်းမှာ ဆက်လက်မြင်တွေ့လိုပြီး အသင်းရဲ့ ခေါင်းဆောင်တဦး၊ အဓိကကစားသမားတဦးလည်း ဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  အသက် ၂၇ နှစ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ဒဏ်ရာကနေ သက်သာလာပြီးနောက်ပိုင်း ယူနိုက်တက်အတွက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။  မန်ယူနိုက်တက်သင်းဟာ မနက်ဖြန် မနက်အစောပိုင်း ၁ နာရီခွဲမှာ ကိုပေဟေဂင်နဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ကစားဖို့ ရှိပါတယ်။
9 months Ago

ဆန်ချိုနှင့် အနာဂတ်တွင် တွဲကစားခွင့်ရရှိရေးအတွက် စိတ်လှုပ်ရှားနေသည့် ပေါ့ဘာ

အနာဂတ်ကာလမှာ ဂျေဒန်ဆန်ချိုနဲ့အတူ ယူနိုက်တက်အသင်းမှာ ကစားခွင့် ရရှိနိုင်လာမယ့်အပေါ်  ကွင်းလယ်လူ ပေါ့ဘာက စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။ ဆန်ချိုဟာ တိုက်စစ်အင်အားကို မြှင့်တင်ဖို့ ရည်ရွယ်နေတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ဦးစားပေး ပစ်မှတ်ကစားသမားတဦးလည်း ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဘက်ကလည်း ဆန်ချိုကို ရောင်းချဖို့အတွက် အဆင်သင့်ဖြစ်နေပြီး ကစားသမားရဲ့ ဈေးနှုန်းကို ယူရို သန်း ၁၂၀ သတ်မှတ်ထားတယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒေါ့မွန်ဘက်က ဆန်ချိုကို ခေါ်ဖို့၊ မခေါ်ဖို့ ဆိုတာကို သူတို့ရဲ့ ရာသီကြို လေ့ကျင့်မှု စတင်မယ့် သြဂုတ် ၁၀ ရက်မတိုင်ခင် ဆုံးဖြတ်ချက်ချသွားဖို့လည်း အလိုရှိနေပါတယ်။ ဒါ့ပေမဲ့ တဘက်မှာလည်း ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းဖို့၊ မပြောင်းဖို့ ဆုံးဖြတ်ရာမှာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရ၊ မရ ဆိုတဲ့အချက်ကို ထည့်သွင်း စဉ်းစားသွားဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ကစားသမားတွေဟာ နောက်ရာသီမှာ ဆန်ချိုနဲ့ တွဲကစားသွားဖို့ စိတ်အားထက်သန်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။  ပေါ့ဘာဟာ ဆန်ချိုနဲ့ တွဲကစားရဖို့ကို စိတ်လှုပ်ရှားမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်လို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။ ဆန်ချိုကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဘက်က အရှိန်မြှင့်တင် ဆောင်ရွက်နေခြင်းဟာ သူ့ကိုအသင်းမှာ ဆက်ထိန်းဖို့ လုပ်ဆောင်ချက်တခုလို့ ပေါ့ဘာက ထင်မြင်နေပါတယ်။  ပေါ့ဘာဟာ မကြာသေးခင်‌က မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာ ပေါ့ဘာဟာ ဘရူနိုဖာနန်ဒက်စ်နဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အထူးခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်အသင်းဘက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေပါတယ်။
10 months Ago

ပေါ့ဘာ အကောင်းဆုံးခြေစွမ်း မရရှိသေးဟု နည်းပြဆိုးလ်ရှား သုံးသပ်

ပေါ့ဘာဟာ ကောင်းဆုံးခြေစွမ်း မရရှိသေးဘူးလို့ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  ကွင်းလယ် ကစားသမား ပေါ့ဘာဟာ ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး နောက် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲဆက် ကစားခဲ့ပါတယ်။  ပေါ့ဘာဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ပင်နယ်တီရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ရှက်ဖီးလ်နဲ့ ပွဲမှာလည်း ကွင်းလယ်ကို ထိန်းချုပ်နိုင်ခဲပေမယ့် အကောင်ဆုံး ခြေစွမ်းမရသေးကြောင်း နည်းပြဆိုးလ်ရှားကပြောပါတယ်။  ပေါ့ဘာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ပိုင်းမှာ ပထမဆုံး အကြိမ် ပြန်ကစားတာဖြစ်လို့ အကောင်းဆုံးခြေစွမ်းမရသေးတာဟာ ဖြစ်ရိုးဖြစ်စဉ် အတိုင်းသာဖြစ်တယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။  မနေ့ညကရှက်ဖီးလ်နဲ့ပွဲမှာ ဟတ်ထရစ်သုံးဂိုးသွင်းယူခဲ့တဲ့ မာရှယ်ကိုလည်း ချီးကျူးခဲ့ပြီး  အဲဒီလို ဂိုးတွေသွင်းယူနိုင်ဖို့အတွက် ဂိုးပေါက်ရှေ့မှာ အမြဲတမ်းလေ့ကျင့်စေခဲ့တယ်လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။
11 months Ago

စပါးနှင့်ပွဲစဉ်တွင် ပေါ့ဘာကို အရန်ခုံထားရန် နည်းပြဆိုးလ်ရှား စီစဉ်ဟု သတင်းထွက်

မန်ယူနည်းပြ ဆိုးလ်ရှားဟာ စပါးအသင်းနဲ့ပွဲမှာ  ကွင်းလယ်လူ ပေါ့ဘာကို အရန်ခုံမှာပဲထားဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။  ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ် ကွင်းလယ်အတွဲကို အသင်းပရိသတ်တွေကို ကြည့်ရူလိုပေမယ့်လည်း နည်းပြဆိုးလ်ရှားကတော့ ပေါ့ဘာကို အရန်ခုံမှာထားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။  ပေါ့ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ် ၈ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။  ကွင်းလယ်ပိုင်းမှာ ဘရူနိုဖာနန်ဒက်စ် ခြေစွမ်းပြနေသလို ဖရက်ဒ်၊ မာတစ်နဲ့ တွန်မီနေးတို့လည်း ရှိနေတာကြောင့် ပေါ့ဘာအနေနဲ့ အရန်ခုံမှာ ထိုင်ရဖို့ရှိနေတာပါ။  လာမယ့်သောကြာနေ့ ကစားမယ့် စပါးအသင်းနဲ့ ပွဲစဉ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး အရင်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်အတွဲကိုပဲ အသုံးပြုဖို့ နည်းပြ ဆိုးလ်ရှားက ဆန္ဒရှိနေတယ်လို့ The Athletic သတင်းမှာ ဖော်ပြခဲ့ပါတယ်။  နည်းပြဆိုးလ်ရှားဟာ  ၂ သင်း ခွဲကစားတဲ့ ပွဲစဉ်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို တဖက်စီ ထားခဲ့ပေမယ့် ဝက်စ်ဘရွန်းနဲ့ ခြေစမ်းပွဲတွေမှာတော့ အတူတွဲဖက်ကစားစေခဲ့ပါတယ်။
11 months Ago

ပေါ့ဘာနှင့် ဖာနန်ဒက်စ် တကိုယ်တော်အစွမ်းပြမှု လျှော့ချရန် ဖလက်ချာ သတိပေး

ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ တွဲဖက်ကစားမယ်ဆိုရင် တကိုယ်တော်အစွမ်းပြမှုကို လျှော့ချဖို့ လိုလိမ့်မယ်လို့ မန်ယူကွင်း လယ်လူဟောင်း ဒါရင်းဖလက်ချာက တိုက်တွန်းလိုက်ပါတယ်။  ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ဟာ လာမယ့်တပတ် ပြန်စမယ့် ပရီးမီးယားလိဂ်လက်ကျန်ပွဲတွေမှာ  အတူတွဲဖက်ကစားရဖို့ ရှိနေပါတယ်။   ကစားသမားကောင်းတွေဟာ အတူကစားနိုင်စွမ်းရှိကြသူတွေ ဖြစ်လို့ ယူနိုက်တက်အသင်း ကွင်းလယ်ဟာ အထူးကောင်းမွန်လာမယ်ဆိုတာ သံသယဖြစ်စရာမရှိကြောင်း ဖလက်ချာက ပြောပါတယ်။  ဒါပေမဲ့ သူတို့ နှစ်ဦးအနေနဲ့ တကိုယ်တော်အစွမ်းပြမှုတွေကို အနည်းငယ်လျှော့ချဖို့ လိုအပ်မှာဖြစ်ပြီး တဦးနဲ့တဦး ဖေးမကာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ကစားရမယ်လို့ ဖလက်ချာက ပြောပါတယ်။  သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝမှာတုန်းကလည်း ကွဲပြားခြားတဲ့ ကွင်းလယ်ကစားသမားတွေ ရှိခဲ့ပြီး တဦးနဲ့တဦး ပံ့ပိုးကူညီပြီး ကစားခဲ့ကြတာလို့ ဆိုပါတယ်။
11 months Ago

ပေါ့ဘာနှင့် ဖာနန်ဒက်စ်တို့အတွက် ဆိုးလ်ရှား၏ ကွင်းလယ်ကစားကွက်အသစ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားကွက်မှာ ပေါ့ဘာကို နံပါတ် ၁၀ နေရာက ကစားစေကာ ကစားသမားသစ် ဖာနန်ဒက်စ်ကို နံပါတ် ၈ နေရာပေးဖို့ ဆိုးလ်ရှား ကအစီစဉ်ဆွဲနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။  ပေါ်တူဂီလက်ရွေးစင် ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူ နိုက်တက်အသင်းကို ပေါင် ၆၇ ဒသမ ၇ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ သူရောက်ရှိလာချိန်မှာ အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒဏ်ရာနဲ့အနားယူနေခဲ့တာကြောင့် သူတို့နှစ်ဦးဟာ တကယ့်ပြိုင်ပွဲကြီးတွေမှာ အတူတကွ တွဲဖက်မကစားဖူးသေးပါဘူး။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားစဉ်ကာလအတွင်း ပေါ့ဘာဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ ယူနိုက်တက်အသင်း ကွင်းလယ်လူစာရင်းမှာ သူတို့နှစ်ဦးကို ပထဆုံးအကြိမ်ပြန်လည်မြင်တွေ့ရဖို့ရှိနေပြီဖြစ်ပါတယ်။  သူတို့နှစ်ဦးဟာ ပြိုင်ပွဲကြီးတွေမှာ အတူတကွတွဲဖက်မကစားဖူးသေပေမယ့် ပြီးခဲ့တဲ့လကနေ ပြန်လည်စတင်ခဲ့တဲ့ လေ့ကျင့်ရေးအစီစဉ်တွေမှာ တွေ့ဆုံရင်းနှီးခွင့်ရရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။  The Sun သတင်းမှာ ဖော်ပြချက်အရ စနေနေ့မှာလုပ်ခဲ့တဲ့ လေ့ကျင့်ရေးပွဲစဉ်မှာ ပေါ့ဘာဟာ တိုက်စစ်မှူးရဲ့နောက်မှာကစားရတဲ့ နံပါတ် ၁၀ နေရာကနေ ပါဝင်ကစားခဲ့တယ်လို့ သိရပါတယ်။  ဒီနေရာမှာ ပေါ့ဘာဟာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘောလုံးပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာလည်း ပြင်သစ်လက်ရွေးစင်ကို နေရာသစ်မှာ မြင်တွေ့ရဖို့ရှိနေတယ်လို့ အသင်းမှာရှိတဲ့လူတွေက ယုံကြည်နေကြောင်း ဒီသတင်းမှာဖော်ပြထားပါတယ်။  ဒါ့ကြောင့် ဖာနန်ဒက်စ်ဟာ နံပါတ် ၈ နေရာကို တာဝန်ယူရမှာဖြစ်ပြီး ကွင်းလယ်အဖြတ်နေရာကိုတော့ မက်တွန်မီနေးကို ပေးအပ်သွားဖို့ရှိနေပါတယ်။  ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့ ချက်ခြင်းခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီးတော့ အသင်းသစ်အတွက် ကိုးပွဲကစားပြီးချိန်မှာ သုံးဂိုးသွင်းပြီး လေးဂိုးအထိ ဖန်တီးပေး ထားသူဖြစ်ပါတယ်။  ဒါ့အပြင် သူဟာ အသင်းဟောင်း စပို့တင်းမှာကတည်းက ကွင်းလယ်နေရာစုံမှာ ကစား နိုင်ကြောင်း ပြသခဲ့သူဖြစ်တာကြောင့် ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်ခံစစ်ပိုင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့  ပေါ့ဘာကို တိုက်စစ်မှာ ပိုမိုလိုက်ပါခွင့်ပေးဖို့ စီစဉ်ထားပုံရပါတယ်။  ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးလိဂ်ပြန်လည်စတင်ချိန် အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၉ ရက်မှာ နည်းပြဟောင်း မော်ရင်ဟိုရဲ့ စပါးအသင်း နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 
11 months Ago

နှစ်သင်းခွဲ ခြေစမ်းပွဲတွင် ပေါ့ဘာနှင့် ဖာနန်ဒက်စ်တို့ကို ပြိုင်ဘက်အဖြစ် ဆိုးလ်ရှား အသုံးပြု

မန်ယူနည်းပြ ဆိုးလ်ရှားဟာ နှစ်သင်းခွဲပြီး ယှဉ်ပြိုင်စေတဲ့ ခြေစမ်းပွဲမှာ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတာ ဖြစ်ပြီး လက်ရှိအချိန်မှာ ပြန်ကစားနေပြီ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်က ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းပြသခဲ့ပါတယ်။  ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ကွင်းလယ်အတွဲကို ပရိသတ်တွေက မြင်တွေ့လိုပေမယ့် ခြေစမ်းပွဲမှာတော့  တသင်းစီမှာထားပြီး ပွဲထွက်စေခဲ့တာပါ။  ဝတ်စုံပြည့်နဲ့ နှစ်သင်းခွဲပြီး ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာကနေ သက်သာလာတဲ့ တိုက်စစ်မှူး မားကပ်ရှ်ရက်ဖို့ဒ်က အနီအသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။  မန်ယူအသင်းက သတင်းထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ ရက်ရှ်ဖို့ဒ်၊ ပေါ့ဘာ၊ လင်ဂတ်၊ မက်ဂွဲယား၊မာတစ် အစရှိတဲ့ ကစားသမားတွေက အနီအသင်းဘက်က ပါဝင်ခဲ့ပြီး မာတာ၊ မာစီယယ်၊ ဖာနန်ဒက်စ်၊ ဖရက်ဒ်တို့ ပါဝင်တဲ့အသင်းက အဖြူဘက်က ကစားခဲ့တာ ဖြစ်ပါတယ်။
11 months Ago

ပေါ့ဘာနှင့် ရက်ရှ်ဖို့ဒ်တို့ လေ့ကျင့်ခန်းဆင်းနိုင်နေပြီဟု မန်ယူနည်းပြဆိုးလ်ရှားပြော

ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်တဲ့အချိန်မှာ ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ ပြန်ကစားနိုင်မှာ ဖြစ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။ ပေါ့ဘာဟာ ရာသီအစကတည်းက ရခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် ပွဲစဉ် ၈ ပွဲသာ ကစားရသေးတာပါ။  တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာလည်း ဇန်နဝါရီ ၁၅ ရက်က ဝုဗ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ နောက်ကျော ဒဏ်ရာရခဲ့လို့ အနားယူခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ ပေါ့ဘာရော ရက်ရှ်ဖို့ဒ်ပါ လေ့ကျင့်ခန်း အပြည့်အဝပြန်ဆင်းနိုင်ပြီဖြစ်လို့ ပြန်လည်ကစားနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုးလ်ရှားက အတည်ပြုခဲ့တာပါ။ သူတို့နှစ်ဦးဟာ တခြားကစားသမားတွေလိုပဲ ကောင်းမွန်စွာ လေ့ကျင့်နိုင်ပြီဖြစ်ပြီး ပရီးမီးယားလိဂ် ပြန်စချိန်မှာ ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝနေမှာ ဖြစ်တယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။
12 months Ago

ပေါ့ဘာကို နေရာပြောင်းကစားခွင့်ပေးရန် ရွန်နီတိုက်တွန်း

အိုလီဂန်နာဆိုးလ်ရှားအနေနဲ့ ပေါ့ဘာကို box အတွင်းမှာ ပိုပြီးလှုပ်ရှားခွင့်ပေးမယ်ဆိုရင် ဒီကစားသမားဟာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ အသင်းခေါင်းဆောင်ဟောင်း ရွန်နီက သုံးသပ်သွားခဲ့ပါတယ်။  ကမ္ဘာ့ဖလားဆုရှင် ပေါ့ဘာဟာ ဒဏ်ရာကြောင် ဒီရာသီပရီးမီးယားလိဂ်မှာ ယူနိုက်တက် အသင်းအတွက် ခုနစ်ပွဲသာကစားပေးထားရပေမယ့် အခုချိန်မှာတော့ ကြံ့ခိုင်မှုပြန်လည်ကောင်းမွန်  နေပြီဖြစ်ပါတယ်။  ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်ကို ပေါင် ၈၉ သန်းနဲ့ပြောင်းရွှေ့လာခဲ့ ပြီးနောက် သူ့ရဲ့ကွင်းတွင်း စွမ်းဆောင်ရည်ကြောင့် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါ တယ်။  ဒါပေမယ့် ရွန်နီကတော့ ပေါ့ဘာကို ချဲလ်ဆီးမှာ လမ်းပတ်ကစားသလိုမျိုး ကစားခွင့်ပေး လိုက်ရင် သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ရရှိလာလိမ့်မယ်လို့ပြောပါတယ်။  “ခင်ဗျားအနေနဲ့ တိုက်စစ်မှူးတယောက်ကိုဖြစ်ဖြစ်၊ ကွင်းလယ်လူတယောက်ကို ဖြစ်ဖြစ် ကွင်းအတွင်း ရင်ဆိုင်ရအခက်ဆုံးအရာတွေကို မေးမယ်ဆိုရင် သူတို့က ဘောလုံးနဲ့ ထွက်လာတဲ့ ဗဟိုနောက်ခံလူတဦးလို့ ဖြေကြပါလိမ့်မယ်” လို့ ရွန်းနီက The Times မှာ ရေးသားခဲ့ပါတယ်။  “နောက်တခုကို ပြောရမယ်ဆိုရင်တော့ ဖရန့်လမ်းပတ်လို ပုံစံမျိုးပေါ့။ ခင်ဗျားကို ကျော်ပြေးသွားမယ့် ကွင်းလယ်လူ။ ဘောလုံးကထွက်လာပြီ ဆိုရင်သူ box ထဲကို ပြေးဝင်လာပြီ။ ဒီလိုအချိန်မှာ ခင်ဗျားအသင်းရဲ့ ဗဟိုနောက်ခံလူတွေနဲ့ ဗဟိုကွင်းလယ်လူတွေကလည်း အလုပ်ရှုပ်သွားတတ်ပြီး အသင်းလိုက်အာရုံစူးစိုက်မှုတစ်ချက်လျော့သွားတာနဲ့ လမ်းပတ်လို ကစားသမားမျိုးက ဒီအခြေအနေမှာ ခင်ဗျားတို့ အသင်းကို ကောင်းကောင်းကြီး ဒုက္ခပေးတော့တာပါပဲ။”  ဒါ့ကြောင့် ပေါ့ဘာကို ပိုပြီးတော့ deep ဖြစ်ပြီး box ထဲမှာ ပိုလှုပ်ရှားခွင့်ရတဲ့ နေရာမှာ နေရာမှာ ချထားပြီး ပေးကစားစေလိုတယ်လို့ ရွန်းနီက မှတ်ချက်ပေးရေးသားသွားခဲ့ပါတယ်။ 
12 months Ago

ဂျုဗင်တပ်အသင်း ပေါ့ဘာကို ခေါ်ယူရန် နီးစပ်နေပြီဟု သတင်းများထွက်ပေါ်

အီတလီစီးရီးအေကလပ် ဂျုဗင်တပ်အသင်းက ကွင်းလယ်သမား ပေါ့ဘာကို မန်ချက်စတာယူနိူက်တက် အသင်းဆီကနေ ခေါ်ယူဖို့ နီးစစ်နေတယ်လို့ ပြင်သစ်သတင်းမီဒီယာတွေမှာ ခန့်မှန်းဖော်ပြနေပါတယ်။  ဂျုဗင်တပ်က အသက် ၂၇ နှစ်အရွယ် ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့ တော်တော် နီးစပ်နေပြီး ပြောင်းရွေ့ကြေး ပေါင် ၇၂ သန်းနဲ့ ကွင်းလယ်သမား ရာဘီရော့ကို အလိုက်ပေးရမယ်လို့ ဆိုပါတယ်။   ကွင်းလယ်သမား ပေါဘာဟာ မန်ယူနိူက်တက်ကနေ ၂၀၁၂ မှာ ဂျုဗင်တပ်ကို ပြောင်းရွှေ့သွားပြီး ဂျုဗင်တပ်နည်းပြ ကွန်တီရဲ့ လက်အောက်မှာ ၄ နှစ်ကြာ ကစားခဲ့ပြီး ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ မှာ မန်ယူနိူက်တက်က ပေါ့ဘာကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ပြန်ခေါ်ယူခဲ့တာပါ။
12 months Ago
More News
Up