DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်တပ်က ၃ နှစ်အတွင်း ပြည်သူလူထုနေအိမ်ပေါင်း ၈၈၀၀၀ ကျော်ကို မီးရှို့ ဖျက်ဆီး
DVB
·
May 5, 2024
အာဏာသိမ်းစစ်တပ်က ၃ နှစ်အတွင်း ပြည်သူလူထုနေအိမ်ပေါင်း ၈၈၀၀၀ ကျော်ကို မီးရှို့ ဖျက်ဆီး
Donate to DVB

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာစသိမ်းချိန်ကနေ အခု ၂၀၂၄ ဧပြီလကုန်အထိ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ်ပေါင်း ၈၈,၃၇၃ လုံး ဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီက ပြည်သူတွေရဲ့နေအိမ်ပေါင်း ၄,၀၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကရင်နီပြည်ထဲမှာတော့ စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ အယောက် ၆၅၀ သတ်ဖြတ်ခံခဲ့ရပါတယ်။

Data for Myanmar ရဲ့ စုစည်းထားတဲ့အချက်အလက်တွေအရ ဧပြီလထဲမှာ နိုင်ငံတဝန်းက နေအိမ်ပေါင်း ၃,၉၆၀ လုံး မီးရှို့ဖျက်ဆီးခံရပြီး အဲဒီအထဲမှာ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့က အလုံး ၁,၅၀၀၊ မန္တလေးတိုင်းထဲက အလုံး ၁,၂၂၀၊ စစ်ကိုင်းတိုင်းထဲက ၉၉၇ လုံးနဲ့ မကွေးတိုင်းထဲက ၂၂၉ လုံး ပါဝင်ပါတယ်။

ကရင်နီပြည်ထဲမှာတော့ ဧပြီလအတွင်း အရပ်သား ပြည်သူ ၁၈ ယောက် သတ်ဖြတ်ခံရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်အတွင်းမှာတော့ သတ်ဖြတ်ခံခဲ့ရသူပေါင်း အယောက် ၆၅၀ ရှိပြီး ဒီထဲမှာ စစ်ရှောင်နေရင်း သေဆုံးသတ်ဖြတ်ခံရသူပေါင်း ၁၅၂ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီ ၃ နှစ်ကျော်အတွင်း ကရင်နီဒေသမှာ တိုက်ပွဲပေါင်း ၁၀၈၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ၁၅၈၁ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ကျဆုံးသူ ၅၅၁ ယောက် ရှိပြီး စစ်ကောင်စီဘက်က ၃၃၅၈ ယောက် သေဆုံးခဲ့တယ်လို့လည်း စာရင်းတွေမှာ ဖော်ပြထားပါတယ်။

လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အုံပေါင်း ၅၀၊ ပြည်သူတွေရဲ့အိမ်ပေါင်း ၂၅၂၈ လုံး၊ ဆေးရုံ ဆေးခန်း ၁၅ ခု၊ စာသင်ကျောင်း ၂၃ ကျောင်း ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံရသူပေါင်း ၁၄၈ ယောက်ရှိပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စင်းပျက်စီးပြီး တခြားယာဉ်ပေါင်း ၆၈ စီး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

Photo- Data for Myanmar

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013