DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ၂ နှစ်အတွင်း ပြည်သူ့နေအိမ်ပေါင်း ၅၅၀၀၀ ကျော် မီးရှို့ဖျက်ဆီး
DVB
·
February 11, 2023
စစ်ကောင်စီတပ်က  ၂ နှစ်အတွင်း ပြည်သူ့နေအိမ်ပေါင်း  ၅၅၀၀၀ ကျော် မီးရှို့ဖျက်ဆီး
Donate to DVB

စစ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထု နေအိမ်ပေါင်း   ၅၅၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ Data of Myanmar က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၃၀၀၀ ကျော်၊ မကွေးတိုင်းမှာ ၈၈၀၀ ကျော်၊ ချင်းပြည်နယ်မှာ ၁၄၀၀ ကျော်နဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၁၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၃ မြို့နယ်မှာ  ဇန်နဝါရီလ တစ်လတာအတွင်း  နေအိမ် ၅၇၀၀ ကျော်ကို  မီးရှို့ဖျက်ဆီးခဲ့ရပြီး  အများဆုံးဖြစ်တယ်လို့  ဆိုပါတယ်။

ဒါအပြင်  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၀၀၀၀ ကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013