DVB Logo
Home
မြန်မာသတင်း
နိုင်ငံမဲ့ကလေး ၁၂၆ ဦးအား ပညာသင်ပေးသည့် ထိုင်းကျောင်းအုပ်နှင့်ဆရာမများ ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်
DVB
·
July 26, 2023
နိုင်ငံမဲ့ကလေး ၁၂၆ ဦးအား ပညာသင်ပေးသည့် ထိုင်းကျောင်းအုပ်နှင့်ဆရာမများ ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်
Donate to DVB

 

ထိုင်းနိုင်ငံအလယ်ပိုင်း အန်ထောင်းခရိုင် ပါမုတ်မြို့နယ် အစိုးရအလယ်တန်းကျောင်းတကျောင်းက အထောက်အထားမဲ့ကလေး ၂၁၆ ဦးကို ခရိုင် လ.ဝ.က ရဲတပ်ဖွဲ့က ဒီလဆန်းပိုင်းက ဖမ်းဆီးပြီး  မြန်မာနယ်စပ်ကို ပြန်ပို့လိုက်သလို သူတို့ကို လက်ခံပညာသင်ပေးတဲ့ ပညာရေးဝန်ထမ်းနဲ့  ရွာသူကြီးကိုပါ အမှုဖွင့်တရားစွဲထားပါတယ်။ 

ထိုင်းရတ်ဝိထယား အမှတ်-၆ ကျောင်းအုပ်ဆရာမကြီး ကလျာထားဆုမ်နဲ့ ဆရာ ဆရာမ ၄ ဦး၊ ရွာသူကြီး ၁ ဦး၊ စုစုပေါင်း ၆ ဦးတို့ဟာ တရားမဝင်သူတွေကို ထိုင်းနိုင်ငံထဲ ခေါ်သွင်းမှု၊ တရားမဝင်သူတွေကို ခိုလှုံခွင့်ပေးထားမှုတွေနဲ့ ခရိုင် လ.ဝ.က ရဲတပ်ဖွဲ့ရဲ့  အမှုဖွင့် တရားစွဲဆိုခံနေရတာပါ။ 

ပညာရေးဝန်ထမ်းတွေ ရွှေ့ပြောင်းခံထားရပြီး သူတို့အမှုကို ယမန်နေ့ (ဇူလိုင် ၂၅) က ဆက်လက်စစ်ဆေးနေရာမှာ ပြစ်မှုထင်ရှားပါက တရားမဝင်သူများအား နိုင်ငံထဲ ခေါ်သွင်းမှု ၁ မှုထဲတင် ထောင်ဒဏ် ၁၀ နှစ်၊ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁ သိန်း ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်မျိုးလုံး ကျခံရနိုင်ပါတယ်။ 

ကျောင်းအုပ်ဆရာမကြီး ကလျာထားဆုမ်ကတော့ သူတို့အနေနဲ့ အခွင့်အလမ်းမဲ့ကလေးတွေ ပညာသင်ကြားရပါစေဆိုတဲ့ စေတနာမွန်နဲ့သာ လက်ခံပညာသင်ကြားပေးခဲ့ကြောင်း၊ ပြီးခဲ့တဲ့ နှစ်ကလည်း အထောက်အထားမဲ့ကလေး ၃၅ ဦးနဲ့ တောင်ပေါ်သားကလေး ၂၀ ကျော်ကို လက်ခံခဲ့ပြီး ပညာရေးဌာန ပြဋ္ဌာန်းချက်နဲ့အညီ G အမျိုးအစား (နိုင်ငံမဲ့ ကျောင်းသားကဒ်) ထုတ်ပေးခဲ့တယ်။ ကလေးများအတွက် ပညာသင်ထောက်ပံ့ကြေး ဘတ် ၁၀၀၀ ကျော်စီလည်း ရခဲ့တယ်။ ဒီနှစ်မှာ ကျောင်းသားသစ် ၇၂ ဦး ထပ်ပိုလာကာမှ ပညာရေးဌာနရဲ့ တိုင်ကြားမှုနဲ့ လ.ဝ.က ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးအရေးယူခြင်းခံရတာလို့  သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါ အထောက်အထားမဲ့ကလေးတွေဟာ ရှမ်းပြည်နယ်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတာဖြစ်ပြီး  အာခါတိုင်းရင်းသားအများစု ဖြစ်ပါတယ်။ တချို့ကတော့ ချင်းရိုင်းခရိုင် မိဘမဲ့ ကလေးဂေဟာက ဖြစ်ပါတယ်။ 

ဖမ်းဆီးခံရတဲ့ ကလေးအချို့ကို သက်ဆိုင်ရာက မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပြီး ၄ ဦးမှာ မိဘတွေနဲ့ အဆက်အသွယ်မရလို့ ချင်းရိုင်းလူငယ်ထိန်းသိမ်းရေးစခန်းမှာပဲ ရှိနေကြောင်း၊ ၅၂ ဦးမှာ G အမျိုးအစား (နိုင်ငံမဲ့ကျောင်းသားကဒ်) ရှိပါလျက်နဲ့ အဆိုပါပြဿနာကြောင့် ကနေ့ထိ ကျောင်းပြန်မတက်ရသေးဘူးလို့ ဆိုပါတယ်။ 

ဒါကြောင့် မိမိတို့ စွဲချက်ခံထားရတဲ့ အမှုတွေမှ ကင်းလွတ်ရေး၊ ကလေးတွေ ပညာပြန်သင်ကြားခွင့်ရရေးအတွက် လိုအပ်သလို ကူညီဆောင်ရွက်ပေးဖို့ ကျောင်းအုပ်ဆရာမကြီးက ထိုင်းရှေ့နေများကောင်စီနဲ့ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားထားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းလူ့အခွင့်အရေးဆိုင်ရာရှေ့နေများကောင်စီ အတွင်းရေးမှူး နိုင်းဆွန် ထောင်းဖယတ်က သူတို့အနေနဲ့ အမှုဖြစ်ကတည်းက အမှန်တရားပေါ်ပေါက်ရေး ဆောင်ရွက်ပေးနေရာမှာ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေဟာ UNICEF က ပြဋ္ဌာန်းထားတဲ့ ကလေးသူငယ် အခ္ငင့်အရေးနဲ့အညီ ပညာသင်ကြားပေးခြင်းသာဖြစ်ပြီး ကလေးတွေကတော့ သူတို့ အုပ်ထိန်းသူတွေ အစီအစဉ်နဲ့ နိုင်ငံထဲ ဝင်လာတာဖြစ်တယ်။ ဒါကြောင့် ဆရာမတွေမှာ အပြစ်မရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ထိုင်းနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ အခွင့်အ‌ရေးကြေညာစာတမ်းပဋိညာဉ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတာကြောင့် အခုလို ကလေးတွေကို စာသင်ကျောင်းနဲ့ ကင်းကွာစေပြီး ဖမ်းဆီးပြန်ပို့တာဟာ ကလေးအခွင့်အရေး ချိုးဖောက်နေတာလို့ ဆိုပါတယ်။ 

နိုင်ငံမဲ့ကလေးများ ပညာရေးကိစ္စ ဆောင်ရွက်နေသူ တိုင်းရင်းသားယဉ်ကျေးမှုဖလှယ်ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နိုင်းစူရဖုန်း ကောင်းကျန်ထိုက်ကတော့ ထိုင်းနိုင်ငံမှာ Education for All  မည်သူမဆို ပညာသင်ကြားခွင့်ရှိရမယ်ဆိုတဲ့ ဥပဒေကို လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တယ်။ နိုင်ငံမဲ့ကလေးတွေ ထိုင်းကျောင်းမှာ ဝင်ရောက်ပညာသင်ကြားနေတာဟာ အထူးအဆန်း မဟုတ်ဘူး။ လက်ရှိ ထိုင်းနိုင်ငံ စာသင်ကျောင်းတွေမှာ အထောက်အထားမပြည့်စုံတဲ့၊ အထောက်အထားမဲ့တဲ့ ကလေးတွေ ပညာသင်နေတာ ၈၀၀၀၀ ကျော်ရှိတယ်။ အများဆုံးက ချင်းမိုင်ခရိုင်မှာ ၁၂၀၀၀ ကျော်နဲ့ ဒုတိယအများဆုံးက ချင်းရိုင်းခရိုင် ၇၀၀၀ ကျော်ရှိတယ်လို့ ထိုင်းပီဘီအက်စ်သတင်းကို ပြောပါတယ်။ 

ကိုးကား - ThaiPBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013