DVB Logo
Home
မြန်မာသတင်း
သထုံထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ကျဆုံးကွယ်လွန်
DVB
·
July 20, 2025
သထုံထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ကျဆုံးကွယ်လွန်
Donate to DVB

သထုံအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ဟာ ဇူလိုင် ၁၉ ရက်က ထောင်ထဲမှာ ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)ဆီက သိရပါတယ်။

ကိုပြည့်စုံအောင်ဟာ ထောင်ထဲမှာလုပ်တဲ့ အာဇာနည်နေ့အလေးပြုအပြီးမှာ အကြောကပ် လဲကျရာကနေ မွန်းလွဲပိုင်းမှာ ကျဆုံးကွယ်လွန်သွားခဲ့တာပါ။

PPNM ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “ထောင်ထဲမှာ အကြောကပ်ပြီးလဲသွားတယ်။ အရေးပေါ် အောက်စီဂျင်ပေးဖို့ ကြိုးစားတဲ့အခါမှာလည်း အောက်စီဂျင်မရှိတာ၊ ပြင်ပကိုလည်း ချက်ချင်း ထွက်လို့မရတာ၊ ဒီအခြေအနေတွေကြောင့်မို့လို့ နေ့ခင်း ၁ နာရီဝန်းကျင်မှာ ဆုံးသွားရတယ် ဆိုတာကိုတော့ ကျနော်တို့ တိတိကျကျ ပြောလို့ရပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ကိုပြည့်စုံအောင်ဟာ နဂိုကပဲ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ ခံစားနေရတာလို့လည်း သူက ဆိုပါတယ်။

အသက် ၄၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၂(က)၊ ၅၀၅(က)တို့နဲ့ ဘီးလင်းအထူးတရားရုံးမှာ အမှုဖွင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တာပါ။

PPNM ရဲ့ စာရင်းအရ ၂၀၂၅ ခုနှစ်မှာ ကျန်းမာရေးကြောင့် ကျဆုံးသူနိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃ ယောက်ရှိပြီး စစ်ကောင်စီက ဖမ်းဆီးပြီးနောက် စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာတွေကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ဟာ ဇူလိုင် ၂၀ ရက် ဒီနေ့မှာ ကျဆုံးကွယ်လွန်သွားခဲ့ပါတယ်။ 

Photo : PPNM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013