DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရိက္ခာဖိုး ငွေအတင်းအကျပ်ကောက်နေ
DVB
·
April 26, 2025
လေးမျက်နှာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရိက္ခာဖိုး ငွေအတင်းအကျပ်ကောက်နေ
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာအတွက် ပြည်သူတွေဆီကနေ အတင်းအကျပ် ငွေကောက်ယူနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လေးမျက်နှာမြို့နယ်မှာ တိုက်ပွဲဝင်နေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိက္ခာအတွက် ကျေးရွာတွေ အလှည့်ကျထည့်ဝင်ရမယ်လို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေကောက်နေတာ လို့ ဆိုပါတယ်။

လေးမျက်နှာမြို့နယ်က ဒေသခံ တယောက်က “ငွေထည့်လည်းရတယ်၊ ဆန်ရှိရင် ဆန်ထည့်ပေးလည်း ရတယ်။ လေးမျက်နှာကတိုက်ပွဲမှာ တိုက်ပွဲဝင်နေရတဲ့ တပ်မတော်သားတွေအတွက်ဆိုပြီး ကောက်တာ။ တပ်ဖွဲ့ဝင်တွေ လိုက်ကောက်တာ။ မဖြစ်မနေကို ထည့်ခိုင်းတာ” လို့ ပြောပါတယ်။

လေးမျက်နှာမြို့နယ်ထဲက ရွှေဘုန်သာ၊ ကညင်သောင်၊ ပန်းတော်ကြီး၊ သရက်ကုန်း၊ မြို့ကုန်း စတဲ့ ကျေးရွာတွေမှာ တအိမ် ၅,၀၀၀ နှုန်းနဲ့ ကောက်ယူနေတာဖြစ်ပြီး လိုအပ်သလို ကောက်ယူမယ်လို့ ပြောကြောင်းလည်း ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်ကြောင်းမှာ တိုက်ပွဲဝင်နေတဲ့ စစ်သား ဘယ်လောက်ပါလဲတော့ မသိဘူး။ အယောက် ၅,၀၀၀ စာအတွက် ကောက်နေတာ။ ၃ ရက်လောက်ရှိပြီ ထည့်တဲ့သူတွေ များပါတယ်။ ကိုယ့်ဆန္ဒနဲ့ လှူပေးတဲ့သူမရှိပါဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဟာ သာပေါင်း၊ ဟင်္သာတ၊ ရေကြည်နဲ့ တဆက်ရှိတည်းရှိတဲ့ ကညင်သောင်ကျေးရွာမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီထောက်ခံတဲ့ မီဒီယာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ လေးမျက်နှာတိုက်ပွဲတွေအတွက် ပြည်သူတွေက စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတယ်လို့ သတင်းအမှားနဲ့ ဝါဒဖြန့်နေကြပြီး မြေပြင်မှာတော့ အရပ်သားတွေဆီကနေ အတင်းအကျပ်ကောက်ယူနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013