DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့်အိမ်ပြိုသော်လည်း အသက်ရှင်ခဲ့သည့်လင်မယား စစ်တပ်လက်နက်ကြီးကြောင့် သေဆုံး
DVB
·
April 16, 2025
ငလျင်ကြောင့်အိမ်ပြိုသော်လည်း အသက်ရှင်ခဲ့သည့်လင်မယား စစ်တပ်လက်နက်ကြီးကြောင့် သေဆုံး
1 / 2
Donate to DVB

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ငလျင်ကြောင့်အိမ်ပြိုခဲ့ပေမယ့် အသက်သေးက လွတ်မြောက်ခဲ့တဲ့ လင်မယားဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဧပြီ ၁၅ ရက် မနေ့က သေဆုံးခဲ့ရပါတယ်။

သောင်တန်းရွာသား ကိုမျိုးကိုဟာ ငလျင်ကြောင့်ပြိုကျပျက်စီးနေတဲ့အိမ်ကို ပြင်ဆင်ဖို့ စီစဉ်နေတုန်းမှာပဲ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကြောင့် လင်မယားနှစ်ယောက်လုံး သေဆုံးပြီး ကလေးနှစ်ယောက်ကတော့ အပြင်းအထန်ဒဏ်ရာရသွားတာပါ။

ကိုမျိုးကိုတို့အိမ်အပါအဝင် အိမ်တချို့ဟာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရပြီး NUG က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ငွေကြေးထောက်ပံ့ကူညီထားခဲ့တာပါ။

မနေ့က မွန်းလွဲ ၁ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဟာ အုတ်တွင်းမြို့နယ်၊ သောင်တန်းရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုတ်တွင်းမြို့နယ်က လူသားစာနာတာဝန်ခံ ကိုလင်းယုန်က “နေ့ခင်းကတည်းက စစ်တောင်းမြစ်ဝှမ်းတလျှောက်ကို လေယာဉ် ၂ စင်း၊ ၃ စင်းလာတယ်။ လက်နက်ကြီးတွေလည်း တရစပ်ထုနေပါတယ်။ သူတို့အိမ်ခြံဝင်းထဲကိုကျပြီး ကိုမျိုးကိုနဲ့ သူ့ဇနီးက သေဆုံးသွားတယ်” လို့ ပြောပါတယ်။

မွန်းလွဲ ၂ နာရီခွဲလောက်မှာ စစ်တပ်ရဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက် ၃၆ နှစ်အရွယ် ကိုမျိုးကိုနဲ့ ၂၈ နှစ်အရွယ် သူ့ဇနီး မခင်မြတ်သူ တို့ နေရာမှာတင် သေဆုံးခဲ့ရပြီး အသက် ၆ နှစ်အရွယ် သား မောင်လင်းရောင်၊ အသက် ၂ နှစ်အရွယ် သမီး နန္ဒာရောင်တို့ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဒီနေ့မှာလည်း စစ်တောင်းမြစ်ဝှမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတုန်းပဲ လို့ သိရပါတယ်။

ကိုလင်းယုန်က “ပွင့်ပွင့်လင်းလင်းပြောရရင် စစ်တောင်းမြစ်ဝှမ်းကို ကြီးစိုးထားတဲ့ PDF တွေက အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ စည်းကမ်းထုတ်ပြန်ချက်ကို လိုက်နာပြီး ထိုးစစ်ဆင်တာတွေ လုံးဝမလုပ်ဘဲ ရပ်နားထားတယ်။ အဲဒီလို ရပ်နားထားပေမယ့်လည်း မနေ့က တရက်တည်းမဟုတ်ဘူး၊ ဒီနေ့မှာလည်းပဲ လက်နက်ကြီးတွေ ထုနေသေးတယ်။ နေ့တိုင်းနီးပါးကို ထုနေတာ၊ သူတို့ဘက်က အပစ်အခတ်ရပ်စဲတယ်လို့ ဘယ်လောက်ပဲပြောပြော အောက်ခြေမှာကတော့ထုနေတာ ဒီ စစ်တောင်းမြစ်ဝှမ်းတကြောပဲ” လို့ ပြောပါတယ်။

ဇရပ်ကြီးမြို့အခြေစိုက် အမှတ် ၇၃ ခြေလျင်တပ်ရင်းနဲ့ ညောင်ခြေထောက်မြို့နယ် အထွက်ဘက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ သိရပါတယ်။

ငလျင်ဘေးမှာ ကူညီကယ်ဆယ်ဖို့ အပစ်ရပ်မယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမယ့် ငလျင်လှုပ်နေတုန်းရော နောက်နေ့တွေမှာ လေကြောင်းကနေ မြေပြင်ကနေပါ တိုက်ခိုက်နေတာပါ။

ပုံအညွှန်း - NUG ၏ ထောက်ပံ့ငွေကို လက်ခံနေသည့် ကိုမျိုးကို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013