DVB Logo
Home
မြန်မာသတင်း
KIA က ထိန်းသိမ်းထားသည့် သတင်းထောက် ၂ ဦး ပြန်လည်လွတ်မြောက်
DVB
·
October 27, 2024
KIA က ထိန်းသိမ်းထားသည့် သတင်းထောက် ၂ ဦး ပြန်လည်လွတ်မြောက်
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းသိမ်းထားတဲ့ သတင်းထောက် ၂ ယောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ထိန်းသိမ်းခံခဲ့ရတဲ့ သတင်းထောက် ကိုနောင်ရိုးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ကချင်ပြည်နယ်တွင်း သတင်းရယူနေတဲ့ Red News Agency က သတင်းထောက် ကိုတာလင်းမောင်နဲ့ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို KIA က စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ ခေါ်ယူထိန်းသိမ်းထားတာပါ။

ထိန်းသိမ်းခံခဲ့ရတဲ့ သတင်းထောက် ၂ ယောက်ကို တလလောက်အကြာမှာ ပြန်လွှတ်လိုက်တာဖြစ်ကြောင်းနဲ့ နေကောင်းကျန်းမာစွာနဲ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒီနေ့အောက်တို ဘာလ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကိုနောင်ရိုးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ကျနော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ ကျန်းမာစွာနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါပြီ၊ ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ” လို့ ရေးသားဖော်ပြထားသလို My Day မှာလည်း သူတို့ ၂ ယောက်ပုံကို ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပေါ် ဝေဖန်မှုနဲ့ KIA က ထိန်းသိမ်းခဲ့တဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့သလို Red News Agency နဲ့ သတင်းအဖွဲ့အစည်းတချို့ရဲ့ တောင်းဆိုမှုကြောင့် အခုလို ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်​ပါတယ်။

Photo - Naung Yoe(Facebook)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013