DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ်ရှိ အောင်ဇေယျ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
DVB
·
December 11, 2023
တမူးမြို့နယ်ရှိ အောင်ဇေယျ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့အထက်ပိုင်းရှိ  အောင်ဇေယျ စစ်ကောင်စီတပ်စခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က ဒီဇင်ဘာ ၁၀ ရက်‌ မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာ၊ ဖမ်းဆီးရမိတာနဲ့   လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ Kuki National Army ကပြောပါတယ်။ 

စစ်ကောင်စီတပ်ကလည်း လေကြောင်းပစ်ကူ အသုံးပြုတိုက်ခိုက်ခဲ့တာမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း တပ်သား ၂ ယောက် ကျဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဘက်က ဆိုပါတယ်။

Kuki National Armyတာဝန်ခံက “ကျနော်တို့ပူးပေါင်းတပ်က ၇ ရက်နေ့စပြီး ၃ ရက်ဆက်တိုက် တိုက်ခဲ့ရတယ်။ ၁၀ ရက်နေ့ မနက်ပိုင်း ၈ နာရီခွဲမှာ စခန်းကိုရခဲ့တာ။ စစ်တပ်ဘက်က ၆ ဦး ဖမ်းဆီးရမိထားတယ်”လို့ ပြောပါတယ်။

အောင်ဇေယျတပ်စခန်းမှာ စစ်ကောင်စီတပ်သား အနည်းငယ်သာရှိပြီး စစ်ကောင်စီ လက်အောက်ခံ SNA ရှမ်းနီတပ်ဖွဲ့၊ ကသည်းတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေစုစုပေါင်း ၂၀၀ ကျော်‌ နေထိုင်တယ်လို့ Kuki National Army က ပြောပါတယ်။

တမူး-အောင်ဇေယျလမ်းမပေါ်က အောင်ဇေယျစစ်ကောင်စီစခန်း သိမ်းပိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒီဇင်ဘာ  ၈ ရက်က မူး-အောင်ဇေယျကားလမ်းမပေါ်က ကူကီးလူမျိုးတွေ အများဆုံးနေထိုင်တဲ့ တုံးကျော်ရွာက ဒေသခံနေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တမူးမြို့နယ်မှာတော့ ခါမ်းပါတ်မြို့ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က နိုဝင်ဘာ ၇ ရက်မှာ  သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - Kuki National Army

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013