DVB Logo
Home
မြန်မာသတင်း
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၂ ဦး ဖမ်းဆီးခံရ
DVB
·
June 8, 2026
Photo: IPDF
Photo: IPDF
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးမှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) က ရဲဘော် ၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ တပ်ရင်းက ဇွန် ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

IPDF က ရဲဘော်တွေဖြစ်ကြတဲ့ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်း နဲ့ ရဲဘော် AD(ခ)ကောင်းစည်သူ တို့ကို ရွာမကျေးရွာမှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

IPDF တပ်ဖွဲ့ဝင်တယောက်က “ရဲဘော် ၂ ယောက်ကို သူတို့ရွာရဲ့ အုပ်ချုပ်ရေးမှူးက ပျူ​စောထီးကို တိုင်လို့ ရဲနဲ့ စစ်တပ်က လာခေါ်သွားတယ်လို့ သိရတယ်။ လောလောဆယ် ညောင်ရွှေကို ခေါ်သွားတယ်လို့ ကနဦးသိရတယ်” လို့ ပြောပါတယ်။

ရဲဘော် ၂ ယောက်ကို ဖမ်းဆီးဖို့အတွက် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဒလန်၊ သတင်းပေး သားကြီး(ခ)အောင်နိုင်ဦးက တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အုပ်ကြီးဟောင်း အောင်နိုင်ဦးနဲ့ အင်းလေးပျူစောထီး ဖိုးသာထူးတို့ကို စစ်တပ်က လက်နက်ချပွဲ ပြုလုပ်နိုင်ရင် သိန်း ၁,၀၀၀ ပေးမယ်လို့ မက်လုံးပေးခဲ့တာကြောင့် မက်လုံးအရ ရဲဘော်တွေနဲ့ ဆေးစွဲနေတဲ့ လူငယ်တွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

စစ်တပ်က ကွင်းဆက်အနေနဲ့ လိုက်ဖမ်းနေလို့ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေနဲ့ ပတ်သက်သူတွေ စစ်တပ် လက်လှမ်းမမီတဲ့ ဘေးလွတ်ရာနေရာကို အရေးပေါ် ရှောင်ရှားကြဖို့ အသိပေး နှိုးဆော်ထားပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲဘော်တွေရဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013