DVB Logo
Home
မြန်မာသတင်း
ကလေးပင်မသပိတ်အဖွဲ့ဝင် ၄ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ထပ်ချ
DVB
·
September 27, 2023
ကလေးပင်မသပိတ်အဖွဲ့ဝင် ၄ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ထပ်ချ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်တရားရုံးက စက်တင်ဘာ ၂၅ ရက်မှာ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)၊ ၅၀(ဇ)‌ ပုဒ်မတွေနဲ့ ထောင်ဒဏ်ထပ်တိုးချမှတ်လိုက်တာဖြစ်ပြီး မေလ ၁၀ ရက်ကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး ထောင်ဒဏ်စုစုပေါင်း ၁၂ စီ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ထပ်တိုးထောင်ဒဏ်ချမှတ်ခံထားရတဲ့ သပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊ ကိုမျိုးကို၊ မအိစံနဲ့ မကျင်ဒိတ်ကင်တို့ ၄ ဦးဟာ ဧပြီ ၁၆ ရက်က ကလေးမြို့တွင်းမှာ တော်လှန်သင်္ကြန် လုပ်နေစဉ် စစ်ကောင်စီပတ်ကင်းနဲ့တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာပါ။

မိသားစုဝင်နဲ့ နီးစပ်သူတဦးက “ကျမလည်း တရားရုံးမှာ ရုံးချိန်းတုန်းက ၄ ဦးလုံးနဲ့ တွေ့ခွင့်ရခဲ့တယ်။ သူတို့တွေအားလုံး ကျန်းကျန်းမာမာ ရှိကြပါတယ်” လို့ ပြောပါတယ်။

ပင်မသပိတ်အဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီးနောက်ပိုင်း ပျက်ရက်မရှိ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကလေးပင်မသပိတ်ဟာလည်း ခေတ္တရပ်နားခဲ့ရပါတယ်။

ကလေးမြို့ ပင်မသပိတ်အင်အားစုအဖွဲ့ဝင်တဦးက “ကျမဆို ထောင်ထပ်ချခံရတယ်လို့ သိရတဲ့ညက တညလုံး အိပ်မရဘူး။ ကိုယ့်မောင်နှမတွေ အခုလိုဖြစ်တော့ တော်တော် စိတ်မကောင်းဖြစ်တယ်။ ဆက်လက်ပြီး ဆန္ဒပြသပိတ်တွေ ဆက်လုပ်သွားဖို့ ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကလေးမြို့ ပင်မသပိတ်ဟာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြ တော်လှန်လာခဲ့ကြရာ ရက်ပေါင်း ၈၀၀ အထိ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ- Fifty Two (ဖမ်းဆီးခံခဲ့ရသည့် ကလေးပင်မသပိတ်အဖွဲ့ဝင် ၄ ဦး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013