DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၁,၀၀၀ အပါ ဆုမဲ ၂၄,၄၀၀ ကျော် လာထုတ်သူမရှိဟု အောင်ဘာလေထီရုံး ကြေညာ
DVB
·
October 1, 2026
Photo: DVB
Photo: DVB
Donate to DVB

ကျပ်သိန်း ၁,ဝဝဝ ဆု အပါအဝင် ဆုမဲ ၂၄,၄ဝဝ ကျော် ထုတ်ယူဖို့ ပျက်ကွက်နေပြီး ဒီလကုန်အထိ လာမထုတ်ရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ အောင်ဘာလေသိန်းဆုဌာနက အောက်တိုဘာ ၁ ရက်မှာ ကြေညာပါတယ်။

ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက ၈၀ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ဆုမဲပေါင်း ၁ သိန်း ၆ သောင်းကျော် ခွဲ‌‌ဝေခဲ့ရာမှာ ဆုမဲ ၂၄,၄၁၂ ဆုကို ထုတ်ယူသူ မရှိသေးတာလို့ ဆိုပါတယ်။

ထုတ်ယူသူမရှိသေးတဲ့ ဆုတွေမှာ ကျပ် သိန်း ၁,၀၀၀ နဲ့ သိန်း ၁၀၀ ဆု တခုစီ၊ ကျပ်သိန်း ၅ဝ သုံးဆု၊ ကျပ်သိန်း ၂ဝ လေးဆု၊ ကျပ် ၁ဝ သိန်း ရှစ်ဆု၊ ကျပ် ၃ သိန်း ၁၀ ဆု၊ ကျပ် ၂ သိန်း ၁၈၂ ဆု၊ ကျပ် ၁ သိန်း ၉၉၅ ဆု၊ ကျပ် ၅ သောင်းဆု ၅,၈၆၉ ဆု၊ ကျပ် ၁ သောင်းဆု ၁၇,၃၃၉ ဆုတို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီဆုမဲတွေကို ရန်ကုန်နဲ့ မန္တလေးက အောင်ဘာလေသိန်းဆုဌာနခွဲရုံးကို လာပြီး တင်ပြထုတ်ယူလို့ ရကာ အောက်တိုဘာလကုန်အထိ တင်ပြထုတ်ယူတာ မရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက်က အခုလို ဆု​မဲထုတ်ယူဖို့ ပျက်ကွက်တဲ့ ဆုငွေတွေကို ဘဏ္ဍာငွေအနေနဲ့ အကုန်သိမ်းယူတာမရှိဘဲ နောက်ထီဖွင့်ပွဲမှာ အပိုဆုအဖြစ် ထပ်တိုးပေးခဲ့တာလို့ ထီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အဲဒီအချိန်က အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်း ၁၅,၀၀၀ ပေးနိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီး ပြည်သူအများစုက အောင်ဘာလေထီ ထိုးတာကို ရပ်ဆိုင်းခဲ့တာကြောင့် ထီရောင်းအား ကျဆင်းခဲ့ကာ အမြင့်ဆုံးဆုကို ကျပ် ၅,၀၀၀ သာ ပေးနိုင်တော့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013