DVB Logo
Home
မြန်မာသတင်း
ကလေးပင်မသပိတ်အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ
DVB
·
April 18, 2023
ကလေးပင်မသပိတ်အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေတဲ့ ကလေး ပင်မ သပိတ်အဖွဲ့ဝင် ၄  ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်အဖွဲ့ဝင်တွေက ပြောပါတယ်။

ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ နေ့ခင်းပိုင်းက သပိတ်အဖွဲ့ဝင်တချို့ ၇၉၉ ရက်မြောက်အဖြစ် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြကြွေးကြော်နေစဉ် စစ်တပ်က ရှောင်တခင်ဖမ်းဆီးခံလိုက်ရတာလို့ ထွက်ပြေးလွတ်မြောက်လာတဲ့သပိတ်အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောပါတယ်။

"အစ်မတို့က ဆန္ဒမပြခင်အရင်လမ်းကြောကြည့်သေးတယ်။ အစ်မတို့ ၅ ဦး တော်လှန်သင်္ကြန်ဆိုပြီး ဆန္ဒပြနေကြတာ။ ရုတ်တရက်ရောက်ချလာတာ။ စစ်သားတွေက သေနတ်တွေနဲ့ ပစ်ဖမ်းတာ။ သူတို့တော့ ဖမ်းခံထိသွားတယ် အစ်မတယောက်ပဲ လွတ်ခဲ့တယ်။"

တာဝန်သိပြည်သူတွေရဲ့ သတင်းပေးပို့မှုကြောင့်  သပိတ်အဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုထားပြီး တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရတဲ့သပိတ်အဖွဲ့ဝင်‌တွေကတော့ ကိုမျိုးကိုဝင်း၊ ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်နဲ့ မနှင်းစံတို့ ဖြစ်ကြပြီး ဖမ်းဆီးခံရသူအားလုံးကို ကလေးမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဆန္ဒပြတုန်းက စိတ်မပူခဲ့တဲ့ မိသားစုဝင်တွေနဲ့ ကျန်ရှိတဲ့အဖွဲ့ဝင်တွေဟာ အခုအခါမှာတော့  စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013