DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေး 
DVB
·
September 13, 2023
တနင်္သာရီတွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေး 
Donate to DVB

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်လက်အောက်ခံ ခမရ ၅၆၁ တပ်ရင်းကနေ တပ်သား တယောက်  လက်နက်အပြည့်အစုံနဲ့ စက်တင်ဘာ ၁၁ ရက် ညမှာ ထွက်ပြေးသွားတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ညောင်ပင်ကွင်းကျေးရွာအနီးရှိ ခမရ ၅၆၁ တပ်ရင်းကနေ တပ်သား တယောက်ထွက်ပြေးသွားတာ ဖြစ်ပြီးတော့ စက်တင်ဘာ ၁၂ ရက် မနက်မှာ စစ်ကောင်စီတပ်ကနေ ဗောဓိကမ်းတံတားကို ပိတ်ချလိုက်ပြီး  ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်းနဲ့ နီးစပ်သူတစ်ဦးက “စစ်သား ထွက်ပြေးတာတော့ သေချာတယ်။ လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားတယ်တဲ့။ အဲဒီသတင်းကြောင့် ပစ်နေတယ်လို့လည်း ပြောတယ်။ မနက်ကတည်းက ဗောဓိကမ်းတံတားမှာ ကားတွေ ပေးမဖြတ်ဘူး။ တနင်္သာရီဘက်ကရော၊ ခမရ ၅၆၁ တပ်ရော ပစ်နေတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၅‌၆၁ တပ်ရင်းအပြင် တနင်္သာရီမြို့‌‌ပေါ် အထိုင်ချထားတဲ့ တံတား‌ဦး တောင်ပေါ်က‌နေ လက်နက်ကြီး‌တွေ ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ ဘန်လောကျေးရွာမှာရှိတဲ့ နေအိမ် တအိမ် လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်အစောပိုင်းလောက်ကလည်း အဆိုပါ ခမရ ၅၆၁တပ်ရင်းကနေ လက်အောက်ငယ်တပ်သား ၂ ဦး တပ်ရင်းကနေ ညဘက်ထွက်ပြေးခဲ့ပါတယ်။

တပ်သားထွက်ပြေးလာပြီးနောက် ညသန်းခါင်းကျော်အချိန်လောက်မှာ ခမရ ၅၆၁ တပ်ရင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာအပြင် နောက်တနေ့ မနက်မှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ကောင်စီဂိတ်တွေမှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013