DVB Logo
Home
မြန်မာသတင်း
ခမရ ၅၆၁ ထောင်ထားသည့် မိုင်းနင်းမိသဖြင့် တပ်မိသားစုဝင်တဦး ဒဏ်ရာရ
DVB
·
March 15, 2023
ခမရ ၅၆၁ ထောင်ထားသည့် မိုင်းနင်းမိသဖြင့် တပ်မိသားစုဝင်တဦး ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းက ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် စစ်တပ်မိသားစုဝင်တဦး ဒဏ်ရာရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၁၄ ရက် မနက် ၁၁ နာရီအချိန်လောက်က တပ်ရင်း အနောက်ဘက်မှာ သီဟိုဠ်စေ့လာကောက်တဲ့အချိန် ခမရ ၅၆၁ တပ်ရင်းက ထောင်ထားတဲ့ မိုင်းနင်းမိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းနင်းမိတဲ့ အမျိုးသမီးမှာ အသက် ၄၇ နှစ်အရွယ် ဒေါ်အေးမူဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

"ဖြစ်ဖြစ်ချင်းတော့ သူတို့စစ်တပ်ထဲကို ခေါ်ဆောင်သွားတယ်။ သူကလွဲပြီးတော့ တခြားလူတွေကို ပေးမဝင်ဘူး။ ယာယီသွေးတိတ်အောင်လို့လုပ်ပေးတာ ဖြစ်နိုင်တယ်၊ ပြီးတော့ ဆေးရုံကားတစီးနဲ့‌ ခေါ်‌ဆောင်သွားတယ်” လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

အဆိုပါမိုင်း‌တွေကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်နိုင်တာကြောင့် ခမရ ၅၆၁ တပ်ရင်းကနေ နေရာပတ်ပတ်လည်မှာ မိုင်းထောင်ထားပြီး အပြင် မိန်းလမ်းနဲ့ ညောင်ပင်ကွင်းတံတားထိပ်ပေါ်မှာလည်း ကြိုးဆွဲမိုင်းတွေ ထောင်ထားတယ်လို့ သိရပါတယ်။

ညောင်ပင်ကွင်းကျေးရွာနေပြည်သူတဦးက "၅၆၁ တပ်ရင်းပတ်ပတ်လည်မှာ အားလုံးရှိတယ်။ မိန်းလမ်းမှာကျတော့ ကြိုးဆွဲမိုင်းတွေထောင်ထားတယ်။ အဲ ကြိုးပေါ်ကနေပဲ ပြည်သူတွေ ဖြတ်သွားနေကြတာပါ။ ညောင်ပင်ကွင်းတံတားထိပ်မှာလည်းရှိတယ်။ PDF တွေ ဝင်လာမှာစိုးလို့ ထောင်ထားတာ။ သူတို့အသက်သေမှာကြောက်လို့ပါ" လို့ ပြောပါတယ်။

ယခင်က ခမရ ၅၆၁ တပ်ရင်းကနေ တပ်သားတချို့ ထွက်ပြေးနေကြတာတွေရှိပြီး တပ်ရင်းက‌နေ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မိုင်းနင်းမိတဲ့ အမျိုးသမီးကို ၁၄ ရက်နေ့ မွန်းတည် ၁၂ နာရီကျော်လောက်မှာ လူမှုကူညီရေးအသင်းတခုက မြိတ်ဆေးရုံကို အချိန်မီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013