
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာရှိတဲ့ စစ်အာဏာရှင်တပ်ရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၃၆ တပ်ရင်းက တပ်အရာရှိ ၂ ယောက်ဟာ တပ်သားထွက်ပြေးမှုနဲ့ မူးယစ်ဆေးဝါးအမှုတွေနဲ့ ထိန်းသိမ်းစစ်ဆေးခံနေရတယ်လို့ ဒေသခံထံက သိရပါတယ်။
တပ်ရင်းမှူးနဲ့ အရာခံဗိုလ် ၂ ယောက်ကို တပ်သားထွက်ပြေးမှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု၊ အရောင်းအဝယ် ပြုလုပ်မှုတို့နဲ့ ပတ်သက်ပြီး အောက်တိုဘာ ၃၁ ရက်ကစပြီး ဖမ်းဆီး စစ်ဆေးနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တပ်အရာရှိ ၂ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ တွေ့လို့ ဖမ်းဆီးပြီး စစ်ဆေးနေတာပါ။ အရောင်းအဝယ်လုပ်တာလည်း စစ်ဆေးပေါ်ပေါက်ပါတယ်” လို့ ပြောပါတယ်။
စစ်ဆေးခံနေရတဲ့ ကျုံပျော်မြို့နယ် ခလရ ၃၆ တပ်ရင်းက စစ်အာဏာရှင်တပ် အရာရှိ ၂ ယောက်ကို တပ်သားထွက်ပြေးမှုနဲ့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ အရောင်းအဝယ် ပြုလုပ်မှုတို့အတွက် စစ်ဆေးနေပြီး အရေးယူမှု တစုံတရာတော့ မရှိသေးဘူးလို့ သိရပါတယ်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၃၆ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်အရာရှိ ၂ ယောက်ဟာ ကျုံပျော်မြို့နယ်ထဲက စစ်ဆေးရေးလုပ်ငန်းတွေမှာ အဓိက တာဝန်ယူထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။











