DVB Logo
Home
မြန်မာသတင်း
ကြူကုတ် (ပန်ဆိုင်း)တွင် စစ်ကောင်စီနှင့် TNLA  တိုက်ပွဲဖြစ် 
DVB
·
August 29, 2023
ကြူကုတ် (ပန်ဆိုင်း)တွင် စစ်ကောင်စီနှင့် TNLA  တိုက်ပွဲဖြစ် 
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲရှိ နမ့်တောင်းရွာ -ဖာဖိတ်ရွာလမ်းမှာ သြဂုတ် ၂၇ ရက် မနက် ၁၁ နာရီလောက်က လမ်းတူးဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေရှိနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ဩဂုတ် ၁၅ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မြေကော်စက်နဲ့ တူးကော် ဖြတ်တောက်လိုက်တဲ့လမ်းကို ဩဂုတ် ၂၃ ရက်က TNLA ဘက်က သဲတွေပြန်လာဖို့ပြီး ဆိုင်ကယ်တွေနဲ့ ကားလေးတွေ ဖြတ်လို့ရအောင် ပြုပြင်ထားခဲ့ပါတယ်။

အဲဒီနေရာကို မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေက မြေကော်စက် တစီးပါ မောင်းလာပြီး ပြန်ကော်တူးပစ်ဖို့ လုပ်နေချိန် တိုက်ပွဲဖြစ်ပွားသံ ကြားရတာလို့  နမ့်တောင်းရွာသားတယောက်က ပြောပါတယ်။

“ပလောင်တွေ ထင်တယ်၊ အဝေးက ၂ ချက် ၃ ချက် လာပစ်တယ်။ လာပစ်ပြီး အဲဒီမှာ နည်းနည်း ထိတွေ့ တိုက်ပွဲ ဖြစ်သွားတာ” လို့ ဒေသခံ အမျိုးသား တဦးက ပြောပြပါတယ်။

အဲဒီလမ်းကို ထပ်ဖျက်ဖို့ TNLA ဘက်က မိုင်းသွားထောင်ထားတာမှာ  လမ်းဖောက်ဖို့ လုပ်တဲ့နေရာမှာပဲ မိုင်းပေါက်သွားပြီးတော့ ၅ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပေမဲ့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနမှာတော့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိတယ်လို့ ဖော်ပြထားပါတယ်။ 

နမ့်တောင်းရွာ - ဖာဖိတ်ရွာကြား၊ TNLA တပ်မဟာ ၁၊ တပ်ရင်း ၅၇၁ အဖွဲ့ လှုပ်ရှားရာဘက် လမ်းကို ထပ်မံဖျက်ဆီးဖို့ ၁၀၅ မိုင်ဘက်က ဘော်ဒိုဇာ တစီးနဲ့ တက်လာတဲ့  စစ်ကောင်စီ တပ်မ - ၉၉၊ ခမရ - ၄၂၀ တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်း အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဩဂုတ် ၂၇ ရက်မှာ သတင်းထုတ်ထားပါတယ်။ 

ဒါ့အပြင် သြဂုတ် ၂၆ ရက် ညနေ ၄ နာရီခွဲကျော်ခန့်က ကွတ်ခိုင်မြို့ဘက်ကနေ သိန္နီမြို့ဘက်ကို ဆင်းလာတဲ့ စစ်ကား ၁၄ စီးပါ စစ်ကောင်စီယာဉ်တန်းနဲ့ TNLA တပ်မဟာ ၅၊ တပ်ရင်း ၃၃၅ တို့ ကွတ်ခိုင်နဲ့ သိန္နီကြား ၃၈ မိုင် မန်ပြိန်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။  

အခု ဩဂုတ်လအတွင်း TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား စုစုပေါင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013