DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် ၂ လအတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်က ၂၀ ခန့် သေဆုံး
DVB
·
July 14, 2023
ဖယ်ခုံတွင် ၂ လအတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်က ၂၀ ခန့် သေဆုံး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့ ၂ လ အတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU ကထုတ်ပြန်ပါတယ်။

ဇွန်လနဲ့ ဇူလိုင် လ အတွင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာနဲ့ စက်တော်ရွာမှာ တပ်စွဲကင်းထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီတပ် ခလရ -၂၄၈ တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ ပျူးစောထီးတွေပါဝင်တိုက်ခိုက်ခဲ့ကြသလို ဖယ်ခုံဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပါတယ်။

တိုက်ပွဲတွေတွင်း  MG 3 ငါးကြင်းမှီး ၁ လက်၊ MA 3 ၁ လက်၊ 60 မမ ဗုံးသီး ၁၆ လုံး ၊ တင့်ဖျက် မိုင်းနဲ့ ကျည်ဆန် ခဲယမ်းတွေသိမ်းဆည်း ရရှိပြီး ဖယ်ခုံ PDF ကရဲဘော် ၁ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာရတယ်လို့  ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU မှ တာဝန်ရှိသူက ပြော ပါတယ်။

"ကျနော်တို့က ပြောက်ကျားစနစ်နဲ့ ဝင်တိုက်တဲ့သဘောပါ။ သူတို့ တပ်စွဲ ထားတာ ၄လ ၅လ လောက်ရှိပြီ။ ထိတွေ့မှုကတော့ အမြဲလိုလို ဖြစ်တယ်။ ဒဏ်ရာ ရတဲ့ ရဲဘော်တွေရဲ့ ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်နေပါပြီလို့။”

တိုက်ပွဲတွေမှာ  PKPDF၊ KRU, SSDF ၊ ရှမ်းတောင် ဒရုန်းတပ်ဖွဲ့ LKPDF ၊ ရှမ်းတောင်တပ်ပေါင်းစု အဖွဲ့ [1003, 1005, 1008, 1009 - IPDF, SSLRU နဲ့ နေပြည်တော်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013