ဂါနာအသင်းရဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးဟာ ကနေဒါနိုင်ငံကို ဝင်ခွင့်မရခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ ပနားမားနဲ့ ကစားရမဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။
မူလဗီဇာလျှောက်ထားတုန်းက မုဒိမ်းမှုစွဲချက်တွေကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိတာကြောင့် ဝင်ခွင့်ငြင်းပယ်ခံရတာပါ။ အယူခံဝင်ခဲ့ပေမဲ့ ဖက်ဒရယ်တရားရုံးက ချက်ချင်း ပယ်ချခဲ့တာ ဖြစ်ပါတယ်။
တင်သွင်းခဲ့တဲ့ စာရွက်စာတမ်းတွေမှာ ပါတေးက ရာဇဝတ်မှုဆိုင်ရာ မေးခွန်းတွေအတွက် "မရှိပါ" လို့ ဖြေဆိုခဲ့တာကို တွေ့ရပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ပါတေးဟာ မုဒိမ်းမှု ၇ မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတမှု စွဲချက်တင်ခံထားရပါတယ်။
လန်ဒန်မှာ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေတာဖြစ်ပြီး စွဲချက်အားလုံးကို သူက ငြင်းဆိုထားပါတယ်။ ဂါနာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဆုံးဖြတ်ချက်ကို မတရားဘူးလို့ ပြောပါတယ်။










