လူမျိုးရေးခွဲခြားမှုကြောင့် အင်္ဂလန်ယူ-၁၅ အသင်း ကွင်းအတွင်းမှ ထွက်ခွာ
DVB
·
October 27, 2026

အင်္ဂလန် ယူ-၁၅ အသင်းဟာ အိုင်ယာလန်အသင်းနဲ့ ကစားတဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွင်း လူမျိုးရေး ခွဲခြားမှု ပြဿနာကြောင့် ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။
ပွဲချိန် မိနစ် ၄၀ မှာ အင်္ဂလန်ကစားသမားတယောက်ဟာ ပြိုင်ဘက်ကစားသမားရဲ့ လူမျိုးရေးခွဲခြား တဲ့ စကားလုံးနဲ့ ဆဲဆိုမှု ခံခဲ့ရတာပါ။
အင်္ဂလန်နည်းပြ မက်သ်သော့်ဟာ ကစားသမားတွေကြား စကားများရန်ဖြစ်မှု ဖြစ်ပွားပြီးနောက် အသင်းကို ကွင်းအတွင်းကနေ ချက်ချင်းခေါ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အင်္ဂလန်ကစားသမားက ပြိုင်ဘက်က သူ့ကို မျောက်လို ခေါ်ဝေါ်ခဲ့ကြောင်း ပြောဆိုခဲ့တာပါ။











