
စပိန်အမျိုးသားဘောလုံးအသင်း နည်းပြချုပ် ဒယ်လာဖွန်တီက စပိန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှု မရှိကြောင်း ပြောလိုက်ပါတယ်။
အင်္ဂလန်အသင်း နည်းပြသောမတ်စ်တူချယ်ကလည်း နေရှင်နယ်လိဂ်ပွဲမတိုင်ခင် ကစားသမားတွေကို လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး စည်းမျဉ်းတွေ သတိပေးသွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒယ်လာဖွန်တီကတော့ စပိန်ရော အင်္ဂလန်မှာပါ လူမျိုးရေးခွဲခြားမှု မရှိဘူးလို့ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်နည်းပြ တူချယ်ကတော့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လူမျိုးရေးခွဲခြားမှု ဖြစ်လာမှာကို မမျှော်လင့်ထားပါဘူးလို့ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
သတင်းထောက်တွေက မေးမြန်းတာကြောင့်သာ စည်းမျဉ်းအတိုင်း ဆောင်ရွက်မဲ့အကြောင်း ဖြေကြားခဲ့တာလို့ ဆိုပါတယ်။
အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကလည်း အခုလို ကာလမှာ ဘောလုံးလောကအတွင်း လူမျိုးရေးခွဲခြားမှု မရှိသင့်တော့ကြောင်း ပြောကြားသွားခဲ့ပါတယ်။











