ပရိသတ်ဆဲဆိုမှုကြောင့် အင်္ဂလန်အသင်း ဒဏ်ငွေရိုက်ခံရ
စပိန်နဲ့ပွဲမှာ အင်္ဂလန်ပရိသတ်တွေရဲ့ ခွဲခြားဆက်ဆံတဲ့ ဆဲဆိုမှုတွေကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို ပေါင် ၁၂,၅၇၂ ဒဏ်ငွေရိုက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် အဝေးကွင်းပွဲတွေအတွက် ရွှေ့ဆိုင်းထားတဲ့ ပွဲပယ်ပြစ်ဒဏ်ကိုပါ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ၂ နှစ်အတွင်း အလားတူအပြစ်ထပ်လုပ်ရင် အဝေးကွင်းပရိသတ် တားမြစ်ခံရမှာပါ။
အင်္ဂလန်ဟာ အဆိုပါပွဲစဉ်မှာ ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး စပိန်ရဲ့ ၄၃ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ရပ်တန့်ခဲ့ပါတယ်။
ပွဲမတိုင်ခင်က စပိန်နည်းပြ ဒီလာဖွန်တေးက စပိန်မှာ လူမျိုးရေးခွဲခြားမှုမရှိကြောင်း တုံ့ပြန် ပြောကြားခဲ့ပါတယ်။











