
စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မဲ့ အမေရိကန်နဲ့အတူ လုပ်ဆောင်မဲ့နိုင်ငံတွေကို ရန်သူအဖြစ် ပစ်မှတ်ထားမယ်လို့ အီရန်အမြင့်ဆုံးလုံခြုံရေးကောင်စီအတွင်းရေးမှူး မိုဇမ်ရဇိုင်းက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို အသတ်ဆက်နိုင်အောင် စီးပွားရေးလုပ်နေတဲ့ ဘယ်နိုင်ငံကိုမဆို အရေးယူမယ်လို့ ခြိမ်းခြောက်ထားသလို အီရန်ကလည်း ဩဂုတ် ၂၂ ရက်မှာ ပြန်လည်ခြိမ်းခြောက်ခဲ့တာပါ။
“အနီးအနားက နိုင်ငံတွေ အမေရိကန်ရဲ့ စီးပွားရေးစစ်ပွဲမှာ မပါဝင်ဖို့ ပြောချင်ပါတယ်။ ပါမယ်ဆိုရင်တော့ ရန်သူအဖြစ် သတ်မှတ်သွားမှာပါ” လို့ မိုဇမ်က နိုင်ငံပိုင်ရုပ်သံမှာ ပြောပါတယ်။
ဒါ့အပြင် အီရန်ပါလီမန်ဥက္ကဋ္ဌကလည်း ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လွတ်လပ်တဲ့ အမိန့်တခု ဒေသတွင်းမှာ ပြုလုပ်ရမှာဖြစ်ပြီး အမေရိကန်ရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ရှုတ်ချကြောင်း ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေဆီကနေ မက်ဆေ့ အမြောက်အမြား လက်ခံရရှိ ထားတယ်လို့လည်း လွှတ်တော်ဥက္ကဋ္ဌက ဆိုရှယ်မီဒီယာ X မှာ ဖော်ပြပါတယ်။
လွှတ်တော်ဥက္ကဋ္ဌက “အမေရိကန်ဟာ အစ္စရေးနိုင်ငံရဲ့ အကျိုးစီးပွားအတွက် မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို လစ်လျူရှုပြီး အနိုင်ကျင့်မှုတွေ လုပ်ဆောင်ခဲ့တာတွေက မဟာမိတ်တွေအတွက် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်”လို့လည်း ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းဖြစ် အမိန့်တွေကသာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အမှန်တကယ် ယူဆောင်ပေးမှာ ဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောထားပါတယ်။
Source: Reuters











