DVB Logo
Home
မြန်မာသတင်း
အဆိုတော်လင်းလင်း၏ Theatre 21 Authentic Live Show ပွဲကို Album အဖြစ် ဖြန့်ချိမည် - (ဓာတ်ပုံ) 
သုတချမ်းသာ
·
October 14, 2026
အဆိုတော်လင်းလင်း၏ Theatre 21 Authentic Live Show ပွဲကို Album အဖြစ် ဖြန့်ချိမည် - (ဓာတ်ပုံ) 
1 / 15
Photo : Ye Hein
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်မှာ ဒေသစံတော်ချိန် အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ အဆိုတော်လင်းလင်းရဲ့ Theatre 21 Authentic Live Show ပွဲကို Online Streaming အဖြစ် ပြန်လည်ပြသမှာဖြစ်ပြီး Album လည်းထုတ်လုပ်ဖြန့်ချိသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

Theatre 21 Authentic Live Show ဟာ အဆိုတော် လင်းလင်း နောက်ဆုံးထွက်ရှိထားတဲ့ Theatre 21 အခွေနာမည်နဲ့ တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့သူရဲကောင်းတွေအတွက် ဂုဏ်ပြုဖျော်ဖြေတဲ့ပွဲဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှာ လင်းလင်း ၊ Mark Jason ၊ Leo ၊ ခါရာ ၊ လင်းထက် ၊ ချစ်သုဝေ၊ မြတ်နိုးအေး တို့ပါဝင် ဖျော်ဖြေထားပြီး ရရှိလာတဲ့အကျိုးအမြတ်အားလုံးကို ကျဆုံးသူရဲကောင်းတွေရဲ့ မိသားစုဝင်တွေ၊ CDM မိသားစုတွေနဲ့ ပညာရေးကဏ္ဍ အထောက်အကူပြုဖို့ စတဲ့  ကဏ္ဍ  ၃ ရပ် ဆီကို ခွဲဝေပို့ဆောင်မှာ ဖြစ်ပါတယ်။ 

အောက်တိုဘာ ၁၀ ရက် Theatre 21 Authentic Live Show ပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အမှတ်တရစကား ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ၈၈ မျိုးဆက်တယောက်ဖြစ်တဲ့ မနီလာသိန်းနဲ့ CDM ဆရာမကြီးတယောက်တို့ကလည်း Zoom ကနေ အမှာစကား ပြောခဲ့ကြပါတယ်။

အစီအစဉ်အတိုင်း Theatre 21 အခွေထဲက သီချင်းတွေကို အဆိုတော်လင်းလင်းက ဆက်တိုက်သီဆိုခဲ့ပြီး ခဏနားချိန်တွေမှာ နွေဦးသူရဲကောင်းတွေရဲ့ အမှတ်တရပစ္စည်းတွေကို လေလံတင်ခဲ့ကြပါတယ်။

၂၀၂၅ ဇူလိုင် ၃၀ တုန်းက အညာမြေမှာကျဆုံးခဲ့တဲ့ သူရဲကောင်း ဦးကံရဲ့ ကျောက်စိမ်းလည်ဆွဲက ဒေါ်လာ ၁၀,၀၀၀ ကျော်၊ မေလ ၈ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ Southern Eagle တပ်ရင်းရဲ့ ဆေးမှူး ကိုLight ရဲ့ ဘောလုံးကန်ဖိနပ်နဲ့ ခြုံထည်လေးက ဒေါ်လာ ၃,၀၀၀ အထိ ရရှိခဲ့ပါတယ်။

ဒီပွဲကို ပြည်တွင်း မြေပြင်တပ်ရင်းတွေအပြင် နယ်စပ်မှာရှိကြတဲ့ ရဲဘော်ရဲဘက်တွေ၊ CDM မိသားစုတွေ၊ ကျဆုံးရဲဘော်မိသားစုတွေပါ တချိန်တည်း Live ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးခဲ့တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013