DVB Logo
Home
မြန်မာသတင်း
ငွေခေတ်မြန်မာ့လက်ရွေးစင်နှင့် နည်းပြချုပ်ဟောင်း ဦးတင်မြင့်အောင် ကွယ်လွန်
DVB
·
March 23, 2026
Photo: MFF
Photo: MFF
Donate to DVB

ငွေခေတ်မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းနဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွေရဲ့ နည်းပြချုပ်ဟောင်း ဦးတင်မြင့်အောင် (အသက် ၅၉ နှစ်) ဟာ မတ် ၂၃ ရက် ဒီနေ့မနက်က ၉၆ ပါးသော ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ဘဏ္ဏာအခွန်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတွေမှာ အလယ်တန်း အဓိက ကစားသမားအဖြစ် ပါဝင်ကစားခဲ့တဲ့ ကစားသမားဟောင်း ဦးတင်မြင့်အောင်ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ နည်းစနစ်ဒါရိုက်တာ၊ တွဲဖက် နည်းစနစ်ဒါရိုက်တာ၊ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် စတဲ့တာဝန်တွေလည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဦးတင်မြင့်အောင်ဟာ ကစားသမားဘဝက တက္ကသိုလ်လက်ရွေးစင်အသင်းမှာ ၁၉၈၅ မှ ၁၉၉၄ ခုအထိ၊ ၁၉၈၇ မှ ၂၀၀၀ ပြည့်အထိ ပထမတန်းကလပ် ဘဏ္ဏာ/အခွန်၊ ၁၉၈၉ မှ ၁၉၉၁ ခုအထိ မလေးရှားကလပ် Armed Forces FC တို့မှာ ပရော်ဖက်ရှင်နယ်အဖြစ် ကစားခဲ့ပါတယ်။

၁၉၈၉ မှ ၂၀၀၀ ပြည့်အထိ မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခဲ့ပြီး ၁၉၉၃ စင်ကာပူ ဆီးဂိမ်းစ် ငွေတံဆိပ်ဆု၊ ဘဏ္ဏာအခွန်အသင်းနဲ့အတူ ပြည်တွင်းချန်ပီယံဆုတွေလည်း ရရှိခဲ့ကာ ၁၉၉၇ ခုမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

၂၀၀၂ ခုမှာ မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် နည်းပြဘဝ စတင်ခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၊ မြန်မာ ယူ-၂၃ အသင်းနဲ့ Ayeyarwady United FC တို့မှာ အသင်းနည်းပြချုပ်အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

ဦးတင်မြင့်အောင်ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ နည်းပြတာဝန်များသာမက လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ နည်းစနစ်ဆိုင်ရာ တာဝန်ယူခဲ့သလို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ MFF Service Award ဆုကိုလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခု နိုဝင်ဘာ ၂၈ ရက်က ရရှိခဲ့ပါတယ်။

ဦးတင်မြင့်အောင် ကွယ်လွန်သွားတာဟာ မြန်မာ့ဘောလုံးလောအတွက် ဆုံးရှုံးနစ်နာမှုတခုဖြစ်ပြီး ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတဲ့အကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013