
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲ၊ နှင်းဆီလှုပ်ရှားမှုနဲ့ Proof of Life ကမ်ပိန်းကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ဒေသစံတော်ချိန် ဇွန် ၂၀ ရက်က ကျင်းပပါတယ်။
ဒီလှုပ်ရှားမှုကို ကနေဒါရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာပါစေကြောင်း မွေးနေ့ကိတ်ခွဲပြီး ဆုတောင်းပေးခဲ့ကြပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွတ် မြောက်ရေး မိုးပျံပူဖောင်းတွေ လွှတ်တင် ဆုတောင်းပေးခဲ့ကြသလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ တေးသီချင်းတွေသီဆိုခဲ့ကြပါတယ်။
မွေးနေ့ပွဲနဲ့အတူ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ဈေးရောင်းပွဲကိုလည်း ကျင်းပသွားပါတယ်။
Photo: DVB










