
အသက် ၄၁ နှစ်အရွယ် အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းကနေ အနားယူဖို့ စဉ်းစားခဲ့ပေမဲ့ ပေါ်တူဂီအသင်းကို ဆက်လက်ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူဟာ ကစားသမားဘဝ ဂိုး ၁၀၀၀ ပြည့်ဖို့ ၂၁ ဂိုးသာ လိုတော့တာ ဖြစ်လို့ ဒီရည်မှန်းချက် ပြည့်မီဖို့ လည်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
နည်းပြ ဂျောဂေးဂျီးဆပ်ရဲ့ ၂၅ ယောက်စရင်းမှာ ပါဝင်လာတဲ့ ရော်နယ်ဒိုဟာ ဝေလအသင်းနဲ့ ကစားရမဲ့ နေးရှင်းလိဂ်ပွဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက ပေါ်တူဂီအသင်းမှာ လူငယ်ကစားသမားတွေကို ကူညီပေးချင်သလို နေးရှင်းလိဂ်ဖလား ထပ်မံရယူဖို့ ရည်မှန်းထားကြောင်း ပြောပါတယ်။
မီဒီယာတွေရဲ့ ဝေဖန်မှုကို ခံရပေမဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားလို့ ပျော်ရွှင်ကြောင်းလည်း ဆိုပါတယ်။
နည်းပြ ဂျီးဆပ်ကလည်း ရော်နယ်ဒိုကို ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ပြယုဂ်တခုအဖြစ် တင်စား ပြောဆိုခဲ့ပါတယ်။
Photo:Reuters











