မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း တန်ဟက်ဂ်ဟာ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုအပေါ် နောက်ထပ် ဝေဖန်မှု ပြုလုပ်လိုက်ပါတယ်။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက သူ့ရဲ့ ကစားသမားဘဝ ကုန်ဆုံးခဲ့တာဖြစ်ကြောင်း တန်ဟက်ဂ်က ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် မန်ယူအသင်းထံ ဒုတိယအကြိမ် ပြန်မလာခင်ကတည်းက ရော်နယ်ဒိုရဲ့ ခြေစွမ်း ကျဆင်းခဲ့တာလို့ ဆိုလိုတာ ဖြစ်ပါတယ်။
မန်ယူအသင်းမှာ နည်းပြ တန်ဟက်ဂ်နဲ့ တိုက်စစ်မှူး ရော်နယ်ဒိုတို့ကြား ဆက်ဆံရေး အဆင်မပြေခဲ့ပါဘူး။
ရော်နယ်ဒိုဟာ ပြင်းထန်တဲ့ အင်တာဗျူးအပြီးမှာ မန်ယူအသင်းကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ တန်ဟက်ဂ်ကတော့ ရော်နယ်ဒိုရဲ့ အဆင့်အတန်းဟာ မန်ယူအသင်းဆီ မရောက်ခင်ကတည်းက အဆုံးသတ်သွားခဲ့တာလို့ ထပ်မံ စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။
စီရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းမှာလည်း ခြေစွမ်းပြပြီး ဂိုးတွေ စံချင်တင် သွင်းခဲ့သလို မန်ယူဆီ ပြန်လာချိန်မှာလည်း ဂိုးတွေသွင်းပြခဲ့ပါတယ်။
အခုလက်ရှိမှာလည်း ဆော်ဒီလိဂ်မှာ အယ်လ်နာဆာအသင်းအတွက် ထိပ်တန်းတိုက်စစ်မှူးအဖြစ် ဆက်လက်ရပ်တည်နေပြီး သွင်းဂိုး ၁,၀၀၀ ရည်မှန်းချက် ပြည့်မီအောင် ဆက်လက် ကြိုးပမ်းနေပါတယ်။











