
ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို နိုင်ငံတကာ ဘောလုံးလောကကနေ အနားယူမဲ့ အကြောင်းကို ကြိုတင်အသိပေးတာမျိုးမရှိဘဲ အားလုံးနဲ့ တပြေးညီမှ သိခဲ့ရတယ်လို့ ပေါ်တူဂီအသင်း နည်းပြ ဂျော့ချ်ဂျေးဇပ်စ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြောင်း BBC အားကစားသတင်းက ဖော်ပြပါတယ်။
အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ အင်စတာဂရမ်ကတဆင့် အနားယူကြောင်း ကြေညာခဲ့တာပါ။
ရော်နယ်ဒိုဟာ နိုင်ငံအသင်းရဲ့ ပွဲပယ်ပြစ်ဒဏ် ၃၀ ရက် ပြည့်သွားပြီဖြစ်လို့ သူ့ကို လူစာရင်းမှာ ပြန်ရွေးချယ်ဖို့ရှိနေချိန်မှာ အခုလို အနားယူသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နည်းပြနဲ့ အငြင်းပွားမှုတွေ ရှိခဲ့ပေမဲ့ အသင်းအတွက် အကောင်းဆုံး ဆုံးဖြတ်ခဲ့တာဖြစ်လို့ နောင်တမရဘူးလို့ နည်းပြက ဆိုပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၃၄ ပွဲကစားပြီး ၁၄၆ ဂိုး သွင်းယူကာ ကမ္ဘာ့စံချိန်တင်ထားသူ ဖြစ်ပါတယ်။
သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အကောင်းဆုံး ဂုဏ်ပြုသွားမယ်လို့ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် (PFF) ဥက္ကဋ္ဌကလည်း ကတိပြုထားပါတယ်။
Photo: Seleções de Portugal











