
ပဲခူးတိုင်း၊ ပဲခူးမြို့နားမှာ ဩဂုတ် ၂၃ ရက် ဒီမနက်ပိုင်းက အင်အား ၄ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုလှုပ်ရှားတာဖြစ်ပြီး မြေငလျင်တိုင်းတာစက်တွေက အသုံးပြုတဲ့ စကေးနဲ့ တိုင်းတာတဲ့ နည်းလမ်းတို့အပေါ် မူတည်ပြီး ငလျင်အင်အားပမာဏ နည်းနည်းကွာနိုင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ မိုးလေဝသဌာနကလည်း ဒိုက်ဦးမြို့ရဲ့ အနောက်ဘက် ၃၂ မိုင်လောက်အကွာမှာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၄ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ရှားတယ်လို့ ထုတ်ပြန်ပါတယ်။
သြဂုတ် ၂၁ ရက် ညနေ ၄ နာရီ ၄၃ မိနစ်လောက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နားမှာ မြေအောက်အနက် ၁၀ ကီလိုမီတာလောက်ကိုဗဟိုပြုပြီး အင်အား ၄ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားခဲ့ပါတယ်။











