
ပြီးခဲ့တဲ့ ၂၄ နာရီကျော်အတွင်း မြန်မာနိုင်ငံမှာ ငလျင် ၄ ကြိမ်လှုပ်ရှားပြီး နွားထိုးကြီးမြို့နားမှာ ၂ ကြိမ်လှုပ်ခဲ့တယ်လို့ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အောက်တိုဘာ ၂၅ ရက် မနက်အစောပိုင်း ၂ နာရီ ၁၆ မိနစ်က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၉ မိုင်လောက်အကွာမှာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားပါတယ်။
အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီ ၄၆ မိနစ်လောက်က ဖလမ်းမြို့ရဲ့ အနောက်မြောက်ဘက် ၆ မိုင်လောက်အကွာမှာ မြေအောက်အနက် ၉၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားပါတယ်။
အဲဒီနေ့ ညနေ ၄ နာရီ ၃၆ မိနစ်ကပဲ နွားထိုးကြီးမြို့ရဲ့ အနောက်မြောက်ဘက် ၉ မိုင်လောက်အကွာမှာ မြေအောက်အနက် ၃၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၄ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားပါတယ်။
အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီ ၃၆ မိနစ်ကတော့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ်ရဲ့ မြောက်-အနောက်မြောက်ဘက် ၉ မိုင်လောက်အကွာမှာ အနက် ၉၅ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားပမာဏ ၄ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားခဲ့ပါတယ်။











