
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နားမှာ အင်အား ၅ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက် မနက်အစောပိုင်း ၁၂ နာရီ ၄၂ မိနစ်လောက်က မြောက်ဦးမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၂၃ မိုင်လောက်အကွာမှာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားတာလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနကတော့ ရခိုင်ပြည်နယ်၊ အဉ္စနပူရ(မင်းပြား)မြို့နားမှာ မြေအောက်အနက် ၁၂ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၉ အဆင့်နဲ့ ငလျင်တခုလှုပ်ရှားတယ်လို့ ဆိုပါတယ်။
ပြီးတော့ မြေငလျင်တိုင်းတာစက်တွေကသုံးတဲ့ စကေးနဲ့ တိုင်းတာတဲ့ နည်းလမ်းတို့အပေါ် မူတည်ပြီး အင်အားပမာဏ နည်းနည်းကွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။










