ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နည်းပြ ဆက်စ်ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းဟာ လန်းစ်အသင်းကို ၉ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ တာဆော့စ် ဒူဗီကတ်စ်က ဟက်ထရစ် ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ကိုမိုအသင်းအတွက် ပွဲဦးထွက်ရာသီ ၄ ပွဲကစားအပြီးမှာ ၃ ပွဲမြောက် နိုင်ပွဲရရှိခဲ့တာပါ။
နောက်ထပ်ဂိုးသွင်းရှင် နီကိုပက်ဇ်ကတော့ ဂိုးသွင်းအပြီးမှာ အောင်ပွဲခံတာမျိုးမလုပ်ဘဲ ပြိုင်ဘက်ဂိုးသမားနဲ့ တိုက်မိပြီး ကွယ်လွန်သွားခဲ့တဲ့ တီနီရစ်ဖ် တိုက်စစ်မှူး ခေးဆု(စ်) ဒီ မီဂွဲလ်ရဲ့ ပုံပါတဲ့ တီရှပ်ကို ကိုင်မြှောက်ပြသခဲ့ပါတယ်။
နီကိုပက်ဇ်ဟာ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ တီနီရစ်ဖ် လူငယ်အသင်းမှာ ကစားခဲ့ဖူးသူတယောက် ဖြစ်တယ်လို့ သိရပါတယ်။











