မန်စီးတီးအသင်းဟာ ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းကို ၃ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် ရှုံးနိမ့်ထားမှု အပါအဝင် ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ခဲ့တာပါ။
မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကိုတော့ အသင်းခေါင်းဆောင် ဟာလန်းက ပွဲချိန် ၇၈ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။
ဒီဂိုးဟာ လိုက်ပ်ဇစ်အသင်းနဲ့ ကိုးပွဲကစားခဲ့ရာမှာ ဟာလန်းရဲ့ ၁၃ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။
ပွဲစဉ်အတွင်း မန်စီးတီး ခံစစ်ပိုင်းနဲ့ ဂိုးသမား ဒွန်နာရမ်မာ တို့ရဲ့ အမှားအယွင်းတွေကြောင့် လိုက်ပ်ဇစ် အသင်းက မကြာခဏ ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့တာပါ။
မန်စီးတီး ရမှတ် ၃ မှတ် အပြည့်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် အဆင့် ၈ အတွင်းမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။











