ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်တွင် ရာနှုန်းပြည့်နိုင်ပွဲ ဆက်လက်ထိန်းထားနိုင်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီမနက်အစောပိုင်းကပွဲစဉ်မှာ ပီအက်စ်ဗွီအသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရလဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။
ပွဲအစမှာ အရင်ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ ရီးရဲလ်မက်ဒရစ်တို့ အကောင်းဆုံး ပြန်လည်တုံ့ ပြန်နိုင်ခဲ့ တာပါ။
အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျုဒ်ဘယ်လင်ဂမ်က အံ့အားသင့်ဖွယ် ဂိုးသွင်းယူ ပေးခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်ပေးခဲ့ပါတယ်။
နည်းပြ မော်ရင်ဟိုကတော့ ဘယ်လင်ဂမ်ကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူအဖြစ် ချီးကျူးခဲ့ပြီး ဒုတိယပိုင်းမှာ အသင်းရဲ့ ကစားပုံကို ပြောင်းလဲပေးနိုင်ခဲ့တာကို အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်တို ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆက်လက်ဦးဆောင်ထားနိုင်တာ ဖြစ်ပါတယ်။
Photo:Reuters











