
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဟာ ၂၀၂၆-၂၇ ရာသီ အမျိုးသမီးချန်ပီယံလိဂ် ပြိုင်ပွဲအတွက် စုစုပေါင်း ဆုကြေးငွေ ယူရို ၁၈ ဒသမ ၂ သန်းအထိ သတ်မှတ်ပေးလိုက်ပါတယ်။
ဒီပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို တက်ရောက်နိုင်တဲ့ အသင်း ၁၈ သင်းစလုံးဟာ အနည်းဆုံး ယူရို ၅ သိန်းကျော် ပုံသေ ရရှိမှာ ဖြစ်တဲ့အပြင် အနိုင်ရလဒ်ပွဲစဉ်တွေနဲ့ အဆင့် ရပ်တည်မှုအပေါ် မူတည်ပြီး ထပ်ဆောင်း ဆုကြေးငွေတွေ ရရှိမှာလည်း ဖြစ်ပါတယ်။
ဗိုလ်စွဲတဲ့ အသင်းကတော့ ဆုကြေး ယူရို ၅ သိန်း ရရှိမှာ ဖြစ်ပြီး ဒုတိယရတဲ့ အသင်းက ယူရို ၃ သိန်း ရမှာပါ။
ဒီဆုကြေး ပမာဏဟာ ၂၀၂၇ ကနေ ၂၀၃၀ ရာသီအထိ ယူရို ၂၄ ဒသမ ၁ သန်းအထိ ထပ်မံ တိုးတက်လာမှာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေဟာ ဥရောပ အမျိုးသမီး ဘောလုံးလောက တိုးတက်ရေးအတွက် ခြေစစ်ပွဲဝင် အသင်းတွေနဲ့ တခြားအသင်းတွေကိုပါ ထောက်ပံ့ငွေတွေ ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။











