DVB Logo
Home
မြန်မာသတင်း
ခွင့်ပြန်အလုပ်သမားများ ပြည်ပပြန်ထွက်ပါက မိသားစုလွှဲပို့ငွေနှင့် ဝင်ငွေခွန် တင်ပြရမည်
DVB
·
September 23, 2026
Photo: Myanmar Embassy, Seoul
Photo: Myanmar Embassy, Seoul
Donate to DVB

ပြည်ပမှာ အလုပ်လုပ်ကိုင်ပြီး ပြည်တွင်းကို ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေအနေနဲ့ ပြည်ပကို ပြန်လည်ထွက်ခွာလိုပါက မိသားစုလွှဲပို့ငွေနဲ့ ဝင်ငွေခွန် အထောက်အထား တင်ပြရမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။

မိမိအစီအစဉ်နဲ့ နိုင်ငံအတွင်းက ပြန်လည်ထွက်ခွာမဲ့ ခွင့်ပြန်အလုပ်သမားတွေ အနေနဲ့ ပြည်ပထွက်ခွာခွင့် လျှောက်ထားရာမှာ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့ခဲ့တဲ့ အသေးစိတ် အထောက်အထားနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ခဲ့တဲ့ အထောက်အထားတွေ တင်ပြရမယ်လို့ ဆိုပါတယ်။

ပြန်လည်တင်ပြနိုင်ခြင်းမရှိတဲ့ အလုပ်သမားတွေအနေနဲ့ ထွက်ခွာခွင့်မပြုဘူးလို့ သိရပါတယ်။

ဂျပန်ရောက် မြန်မာလုပ်သားတယောက်က “သူတို့က နည်းအမျိုးမျိုးနဲ့ မထွက်အောင် လုပ်နေတာ။ အသိမိတ်ဆွေတွေထဲမှာ ခွင့်နဲ့ပြန်လာပြီး ဝင်ငွေခွန် အထောက်အထားနဲ့ မိသားစုလွှဲပို့ငွေ မပြနိုင်လို့ဆိုပြီး ပြန်မထွက်ရဘူး။ မိသားစုကိုလွှဲတယ် ဆိုတာကလည်း အဆင်ပြေတဲ့ ဟွန်ဒီတွေနဲ့ လုပ်ရတာ။ ဘဏ်ကနေ လွှဲရအောင်ကလည်း အလုပ်နားတဲ့ရက်က ဘဏ်ပိတ်ရက်ဆို ဘယ်လိုလွှဲမတုန်း၊ အဆင်မပြေဘူးလေ။ အဲဒီတော့ အဆင်ပြေသလို လွှဲကြရတာ။ ဒါက တမင်သက်သက်လုပ်တာ” လို့ ပြောပါတယ်။

ဒါ့အပြင် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့ခဲ့တဲ့ အသေးစိတ်ကို တရားဝင်လမ်းကြောင်းတွေကနေ လွှဲပို့ဖို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၂၈ ရက်က စတင်တဲ့ အထောက်အထားတွေကိုပါ တင်ပြရမယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို စက်တင်ဘာ ၁၉ ရက်က စတင်ခဲ့တာဖြစ်ပြီး ခွင့်ပြန်အလုပ်သမားတွေ OWIC ကတ် ပြုလုပ်ခွင့်အတွက် လျှောက်ထားမှုမှာလည်း အဆိုပါ အချက်အလက်တွေကို ပူးတွဲတင်ပြရမယ်လို့ သိရပါတယ်။

ဒါ့အပြင် ခွင့်ပြန်အလုပ်သမားတွေ အနေနဲ့ မိသားစုလွှဲပို့ငွေနဲ့ ဝင်ငွေခွန် အထောက်အထားတွေအပြင် နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်မိတ္တူ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ရိုက်နှိပ်ထားတဲ့ ပြည်ပထွက်ခွင့်နဲ့ ပြည်ဝင်ခွင့်တံဆိပ်တုံးတွေ ပါရှိတဲ့ နိုင်ငံကူးလက်မှတ်စာမျက်နှာ (မိတ္တူ)၊ အလုပ်ရှင်ရဲ့ ခွင့်စာ၊ သက်ဆိုင်ရာနိုင်ငံသံရုံး ထောက်ခံချက်နဲ့ ရောက်ရှိကြောင်း သတင်းပို့ပုံစံတွေကိုလည်း တပါတည်း တင်ပြရမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013