DVB Logo
Home
မြန်မာသတင်း
ခွင့်ပြန်အလုပ်သမားများ ပြည်ပပြန်ထွက်ခွာခွင့်ကို လူကိုယ်တိုင်လျှောက်ထားရမည်
DVB
·
October 30, 2026
Photo : DVB
Photo : DVB
Donate to DVB

ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံကို ခွင့်နဲ့ အလည်အပတ်ပြန်လာတဲ့ အလုပ်သမားတွေနေနဲ့ ပြည်ပကို ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရာမှာ လူကိုယ်တိုင် လာရောက် လျှောက်ထားရမှာ ဖြစ်ကြောင်း စစ်အာဏာရှင်အစိုးရ လက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အရင်က ပြန်လည်ထွက်ခွာခွင့် လျှောက်ထားမှုတွေကို နေပြည်တော်က အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ရုံးအမှတ် ၅၁ ဒါမှမဟုတ် စာတိုက်နဲ့ DHL အမြန်ချောပို့တို့ကတဆင့် လျှောက်ထား နိုင်ခဲ့ပေမဲ့ လာမဲ့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်က စတင်ကာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ပင်လုံခန်းမမှာ လူကိုယ်တိုင် လာရောက် လျှောက်ထား ရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် လျှောက်ထားသူတွေအနေနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထား၊ AD လိုင်စင်ရဘဏ်တွေနဲ့ RBL လိုင်စင်ရ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေကတဆင့် မိသားစုဆီ ၂၅ ရာခိုင်နှုန်း လွှဲပို့ထားတဲ့ နောက်ဆုံး ၃ လစာ အထောက်အထားတွေ အပါအဝင် သတ်မှတ် စာရွက်စာတမ်းတွေကို ယူဆောင်လာရမှာဖြစ်ကြောင်းလည်း သိရပါတယ်။

OWIC ကတ် မရှိသေးသူတွေ၊ သက်တမ်းကုန်ဆုံးသူတွေနဲ့ အလုပ်ရှင်၊ ကုမ္ပဏီ ဒါမှမဟုတ် လုပ်ကိုင်မဲ့ နိုင်ငံ ပြောင်းလဲမှုတွေကြောင့် အချက်အလက်ပြင်ဆင်ဖို့ လိုအပ်သူတွေအတွက် OWIC ကတ် အသစ်ပြုလုပ်တာ၊ လဲလှယ်တာကိုလည်း ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။

ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ လစဉ် လစာ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲလမ်းကြောင်းတွေကတဆင့် မိသားစုဆီ လွှဲပို့ဖို့ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ကတည်းက ထုတ်ပြန်ခဲ့ပြီး ဒီသတ်မှတ်ချက်ကို လိုက်နာမှုမရှိရင် OWIC ကတ်ထုတ်ပေးတာနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတာတို့ကို ကန့်သတ်နိုင်ကြောင်းလည်း ထုတ်ပြန်ထား ပါသေးတယ်။

ဝေဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013