
ရုရှားဟာ ဖိုက်ဘာအော့တစ်ကေဘယ် အသုံးပြုထားတဲ့ သေးငယ်တဲ့ ဒရုန်းတွေကို အသုံးပြုပြီး ယူကရိန်းရဲ့ ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ဖျက်ဆီးတာဖြစ်ကြောင်း ရိုက်တာက ဖော်ပြပါတယ်။
ယူကရိန်းနိုင်ငံမြောက်ပိုင်း ဆူမီဒေသ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အခုလို ဖျက်ဆီးမှုတွေ ပြုလုပ်တာလို့ ဆိုပါတယ်။
လန်ဒန်အခြေစိုက် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ရေး လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ CIR က ရုရှားဆိုရှယ်မီဒီယာတွေမှာ တင်ထားတဲ့ ပို့စ်တွေကို အခြေခံပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တာလို့ ရိုက်တာက အတည်ပြုပါတယ်။
ရုရှားဟာ ရှေ့တန်းစစ်မျက်နှာမှာရှိတဲ့ ယူကရိန်း လျှပ်စစ်အခြေခံအဆောက်အအုံတွေကို ပုံမှန် တိုက်ခိုက်လေ့ရှိပြီး ယူကရိန်းဘက်က ဒရုန်းဖျက်နည်းစနစ်တွေ၊ ပိုက်ကွန်တွေ အသုံးပြုပြီး ကာကွယ်နေရပါတယ်။
ဒါပေမဲ့ ရုရှားတွေ အသုံးပြုတဲ့ FPV ဒရုန်းတွေဟာ ရေဒီယိုအချက်ပြမှုနဲ့ မောင်းနှင်တာ မဟုတ်ဘဲ သေးငယ်ပြီး လျှင်မြင်တာကြောင့် ယူကရိန်း ဒရုန်းကာကွယ်ရေးစနစ်တွေကို ကျော်ဖြတ်နိုင်တာပဲ ဖြစ်ပါတယ်။
ရုရှားဟာ မေလကတည်းကစပြီး ယူကရိန်းကို ထိုးစစ်ဆင်တဲ့အခါ FPV ဒရုန်းတွေကို အသုံးပြုလာပါတယ်။
ဒေါ်လာ ၂,၀၀၀ သာ ကုန်ကျတဲ့ ဖိုင်ဘာအော့တစ် FPV ဒရုန်းတွေနဲ့ ဓာတ်အားခွဲရုံ ၄ ခုကို ရုရှားက တိုက်ခိုက်ခဲ့တာလို့ CIR က ဖော်ပြပါတယ်။
Source: Reuters










