
ဆားဘီးယားတပ်ဖွဲ့တွေက နိုင်ငံအနောက်တောင်ပိုင်း ပက်စ်တာ ကုန်းပြင်မြင့်မှာ စက်တင်ဘာ ၁၃ ရက်က အောင်နိုင်သူ ၂၀၂၆ လို့ နာမည်ပေးထားတဲ့ တိုက်ရိုက်ပစ်ခတ်မှုကို စက်ရုပ်ခွေးတွေနဲ့အတူ လေ့ကျင့်ခဲ့ပါတယ်။
လက်နက်ကိုင် စက်ရုပ်ခွေးတွေနဲ့ အလိုအလျောက်မောင်းနှင်တဲ့ ဒရုန်းတွေ အပါအဝင် အဆင့်မြင့် မောင်းသူမဲ့ စစ်ရေးနည်းပညာတွေကို ပြသခဲ့ပါတယ်။
လေ့ကျင့်ခန်းအတွင်း တင့်ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ စစ်ဘက်ယာဉ်အမျိုးမျိုးက လေ့ကျင့်ရေးရွာတရွာကို ညှိနှိုင်းတိုက်ခိုက်ခဲ့ပါတယ်။
သမ္မတ အလက်ဇန်းဒါး ဗူစစ်က စက်ရုပ်၊ မောင်းသူမဲ့နဲ့ အလိုအလျောက်မောင်းနှင်တဲ့ စနစ်တွေ အပြည့်အဝလုပ်ဆောင်တဲ့ ရွာတရွာလုံးကို ပထမဆုံးအကြိမ် ညှိနှိုင်းတိုက်ခိုက်မှုအဖြစ် သရုပ်ပြမှုကို လေ့လာကြည့်ရှုခဲ့ပါတယ်။
သရုပ်ပြမှုကို ကိုဆိုဗိုနယ်စပ်အနားက ဆားဘီးယား အနောက်တောင်ပိုင်းမှာရှိတဲ့ ပက်စ်တာ ကုန်းပြင်မြင့်မှာ လုပ်ခဲ့တာပါ။
ဒီလေ့ကျင့်ခန်းက ဆားဘီးယားရဲ့ စစ်ရေးစွမ်းရည်တွေကို သိသာအောင်ပြခဲ့ပြီး ပြည်တွင်းနဲ့ ပြည်ပ စစ်ရေးနည်းပညာနှစ်မျိုးလုံးကို ညှိနှိုင်းပစ်ခတ် သရုပ်ပြခဲ့ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်လည်းဖြစ်တဲ့ ဆားဘီးယားနိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ စစ်ရေးကြားနေနိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။
အနောက်တိုင်းကာကွယ်ရေးမဟာမိတ်အဖွဲ့မှာ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်အဖြစ် မပါပေမဲ့ ဆားဘီးယားဟာ နေတိုးရဲ့ ငြိမ်းချမ်းရေးအတွက် မိတ်ဖက်အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။
Source: Reuters











