
ယူကရိန်းက သူ့ရဲ့ဒရုန်းတစင်းကို မေ ၁၉ ရက်မှာ အက်စ်တိုးနီးယား လေပိုင်နက်ထဲကို မောင်းနှင်ခဲ့တဲ့အတွက် ရုရှားကို အပြစ်တင်ခဲ့ပါတယ်။
NATO အဖွဲ့ဝင် ရိုမေးနီးယားနိုင်ငံက ဂျက်လေယာဉ်တစင်းက လေ့ကျင့်ပျံသန်းနေချိန်မှာ ဒရုန်းကို ဒုံးကျည်တစင်းနဲ့ ပစ်ချခဲ့ပါတယ်။
ဘောလ်တစ်နိုင်ငံတွေမှာ နိုင်ငံရေးမငြိမ်မသက် ဖြစ်စေခဲ့တဲ့ နယ်စပ်ဖြတ်ကျော်တဲ့ နောက်ဆုံး ဒရုန်းဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ဒရုန်းဟာ အင်္ဂါနေ့ မွန်းတည့်ချိန်မှာ ရုရှားနိုင်ငံကနေ ပျံသန်းလာပြီး နိုင်ငံရဲ့ အရှေ့တောင်ပိုင်းကို ဝင်ရောက်ခဲ့တယ်လို့ အက်စ်တိုးနီးယားစစ်တပ်က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
ဒရုန်းဟာ အက်စ်တိုးနီးယား လေပိုင်နက်ထဲ မဝင်ရောက်မီ စောင့်ကြည့်ခံခဲ့ရပြီး “အရပ်ဘက် လူဦးရေနဲ့ အခြေခံအဆောက်အအုံတွေအပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်စေအောင် ပစ်ချဖို့ ဆုံးဖြတ်ချက်ချခဲ့တာ” လို့ အက်စ်တိုးနီးယားစစ်တပ်က ပြောပါတယ်။
ရိုမေးနီးယား ဂျက်လေယာဉ်တစင်းက အက်စ်တိုးနီးယား လေပိုင်နက်ပေါ်မှာ ဒရုန်းတစင်း ပစ်ချခဲ့တာကို NATO က အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတခု လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။
NATO ဟာ လေကြောင်းခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့လည်း ပြောခဲ့ပါတယ်။ လတ်ဗီးယားနိုင်ငံကလည်း အင်္ဂါနေ့မှာ သူ့လေပိုင်နက်ထဲ ဝင်လာနိုင်တဲ့ ဒရုန်းတစင်းနဲ့ ပတ်သက်ပြီး ပထမဆုံး လေကြောင်းခြိမ်းခြောက်မှု သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ရုရှားနယ်စပ်နားက ဒေသခံတွေကို အိမ်တွင်းထဲမှာနေဖို့ ပြောခဲ့ပါတယ်။
NATO ဘောလ်တစ် လေကြောင်းရဲတပ်ဖွဲ့ ဂျက်လေယာဉ်တွေကိုလည်း အဲဒီဒေသဆီ ခေါ်ယူခဲ့ပါတယ်။ ဒရုန်းတစင်းက သူ့လေပိုင်နက်ထဲ ဝင်ခဲ့တဲ့ အထောက်အထား မတွေ့ရှိခဲ့ဘူးလို့ နောက်ပိုင်းမှာ ပြောပါတယ်။
ဒါပေမဲ့ ရုရာ့းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ခရိုင် ၂ ခုမှာ ဒုတိယအကြိမ် လေကြောင်းခြိမ်းခြောက်မှု သတိပေးချက် ထုတ်ပြန်ခဲ့ပြီး NATO တိုက်လေယာဉ်တွေကို ဖြန့်ကြက်ခဲ့ပါတယ်။
အက်စ်တိုးနီးယားက ပစ်ချခံရတဲ့ ဒရုန်းကို ယူကရိန်းနိုင်ငံထုတ်အဖြစ် ဖော်ထုတ်ခဲ့ပေမဲ့ ဘောလ်တစ်နိုင်ငံ ၂ ခုစလုံးက ဒီဖြစ်ရပ်တွေအတွက် ရုရှားအစိုးရအပေါ် အပြစ်တင်ခဲ့ကြပါတယ်။
ရုရှားရဲ့ စစ်ပွဲဆင်နွှဲနိုင်စွမ်းကို အားနည်းစေရေး ရုရှားစစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ပိုင်ခွင့် ယူကရိန်းမှာ ရှိတယ်လို့လည်း ပြောခဲ့ကြပါတယ်။
အက်စ်တိုးနီးယားနဲ့ လတ်ဗီးယားနိုင်ငံတွေက ရုရှားသံရုံးတွေကတော့ မှတ်ချက်ပေးဖို့ အီးမေးလ်ကနေ တောင်းဆိုမှုတွေကို ချက်ချင်းမပြန်ကြားခဲ့ပါဘူး။
Source: Reuters











