
နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းဇယားတွေအရ နီပေါနိုင်ငံမှာ မြေပြိုမှုကြီးကြောင့် သေဆုံးသူဦးရေဟာ စက်တင်ဘာ ၁ ရက် ဒေသစံတော်ချိန် ည ၈ နာရီမှာ ၁,၀၉၃ ယောက်အထိ မြင့်တက်လာခဲ့ပါတယ်။
သြဂုတ် ၂၆ ရက်က တိဘက်နဲ့ နီပေါနိုင်ငံမြောက်ပိုင်း နယ်စပ်နားမှာ ရေခဲမြစ်ပြိုကျလို့ အကြီးအကျယ် ပျက်စီးခဲ့တာပါ။
နီပေါအစိုးရက အရင်းအမြစ်တွေ ဖြန့်ကြက်ချထားရေး၊ ဝန်ထမ်းစီမံခန့်ခွဲမှုကို အားကောင်းစေရေးနဲ့ ဘေးအန္တရာယ်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ရေးအတွက် အနည်းဆုံး ၃ လကြာ ဘေးအန္တရာယ်ဇုန် အဖြစ် ကြေညာခဲ့ပါတယ်။
တရုတ်-နီပေါနယ်စပ်က ကျီရောင် - ရာစုဝါ နယ်စပ်ဖြတ်ကျော်ဂိတ်ရဲ့ နီပေါဘက်အခြမ်းမှာ မြေပြိုလို့ ပျက်စီးဆုံးရှုံးတဲ့ ဗဟိုချက်အပေါ် တရုတ်သတင်းဌာန (CMG) က သတင်းထောက် တယောက်က တနင်္လာနေ့မှာ ရဟတ်ယာဉ်နဲ့ ပျံသန်းခဲ့ပါတယ်။
နယ်စပ်ဂိတ်ရဲ့ နီပေါဘက်ခြမ်းက ရွာတွေနဲ့ မြို့တွေအများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး သယ်ယူ ပို့ဆောင်ရေးယာဉ်တွေနဲ့ အဆောက်အအုံတွေ အမြောက်အမြားက ရွှံ့နွံတွေထဲမှာ နစ်မြုပ်နေတာ တွေ့ရပါတယ်။
နယ်စပ်ဂိတ်ကနေ အဖြောင့်တိုင်းရင် ၁၀ ကီလိုမီတာအောက်ရှိပြီး တချိန်က စည်ကားခဲ့တဲ့ စီယာဘရူဘေစီမြို့မှာ ရှာဖွေကယ်ဆယ်ရေးဝန်ထမ်းတွေကိုသာ မြင်တွေ့နိုင်တယ်လို့ သတင်းထောက်က ပြောပါတယ်။
ကနဦးခန့်မှန်းချက်အရ မြို့ထဲမှာ လူနေအိမ် ၂၅၀ ကနေ ၃၀၀ လောက် မြေပြိုမှုကြောင့် ပျက်စီးခဲ့ပြီး နယ်စပ်ဂိတ် ကနေ ၄၀ ကီလိုမီတာအကွာမှာရှိတဲ့ ဘက်ထရာဝါတီမှာလည်း အိမ် ၃၀၀ လောက် ပျက်စီးခဲ့ပါတယ်။
Source:Reuters











