
၂၀၃၀ ကမ္ဘာ့ဖလားအတွက် ဥရောပဇုန် ခြေစစ်ပွဲတွေကို ချန်ပီယံလိဂ်ပုံစံမျိုး အကြီးအကျယ် ပြောင်းလဲကျင်းပသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ကြေညာလိုက်ပါတယ်။
ဒီစနစ်သစ်ကြောင့် အင်္ဂလန်လို အသင်းကြီးတွေအနေနဲ့ ဆန်မာရီနို၊ အင်ဒိုရာတို့လို အင်အားနည်းတဲ့ အသင်းငယ်လေးတွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီး ကစားရတော့မှာ မဟုတ်ပါဘူး။
စနစ်သစ်အရ ဥရောပရဲ့ ထိပ်သီး ၃၆ သင်းကို League 1 အဖြစ် သတ်မှတ်ပြီး ၁၂ သင်းစီပါဝင်မဲ့ အုပ်စု ၃ စု ခွဲသွားမှာပါ။ အုပ်စုတွင်း ပွဲစဉ် ၆ ပွဲ ကစားရမှာဖြစ်ပြီး ထိပ်သီး၊ အလယ်အလတ်နဲ့ အောက်ခြေအဆင့် သတ်မှတ်ထားတဲ့ အသင်းတွေနဲ့ ၂ ပွဲစီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အဆင့်အကောင်းဆုံးအသင်းတွေက ကမ္ဘာ့ဖလား တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပြီး ကျန်တဲ့အသင်းတွေကတော့ ပလေးအော့ဖ် ဆက်ကစားရမှာပါ။
ဒီပြင်ဆင်မှုဟာ ပွဲစဉ်တွေ ပိုမိုပြိုင်ဆိုင်မှုပြင်းထန်လာစေဖို့ဖြစ်ပြီး ယူရို ၂၀၂၈ အပြီးမှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။











