DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန် အီးယူဈေးကွက် တင်ပို့နိုင်ရေး ပထမဆုံးအကြိမ် ဆွေးနွေး
DVB
·
June 18, 2015
မြန်မာ့ဆန် အီးယူဈေးကွက် တင်ပို့နိုင်ရေး ပထမဆုံးအကြိမ် ဆွေးနွေး
1 / 3
Donate to DVB

မြန်မာ့ဆန် အီးယူဈေးကွက်ကို ပိုမိုတင်ပို့နိုင်ရေးအတွက် ဆန်တင်သွင်းမှုနဲ့ပတ်သက်ပြီး အီးယူ (ဥရောပသမဂ္ဂ) စီးပွားရေးအဖွဲ့က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ ဇွန် ၁၇ ရက်နေ့က ပထမဆုံးအကြိမ် လာရောက် ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ အီးယူ စီးပွားရေးအဖွဲ့ခေါင်းဆောင် မစ္စတာ Nikolaos က “အခုလို ကျနော်တို့ တွေ့ဆုံမှုကနေ အီးယူနဲ့မြန်မာဆက်ဆံရေးက အနာဂတ်မှာ ကောင်းမွန်တဲ့ ရလဒ်ကို ဖြစ်ပေါ်စေမယ်လို့ ကျနော် မျှော်လင့်ပါတယ်။"

ဒါက နှစ်ဘက်စလုံးအတွက်လည်း အကျိုးရှိစေပါတယ်။ ဥပမာ အီးယူကို ဆန်တင်ပို့မှုနဲ့ပတ်သက်လို့ ဘယ်ဟာတွေကတော့ အတားအဆီး ရှိနေသလဲ ဆိုတာမျိုးပေါ့။ ပြီးတော့ အီယူဈေးကွက်ကို မြန်မာ့ဆန်တင်ပို့မှု လျော့ကျနေတာကို ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်လည်း ရည်ရွယ်ပါတယ်။

ဒါကြောင့် ဒီတွေ့ဆုံမှုက အင်မတန်ကောင်းတဲ့ တွေ့ဆုံဆွေးနွေးမှုတခုလို့ ကျနော်ထင်ပါတယ်။” လို့ ပြောပါတယ်။

လက်ရှိမှာ အီးယူဈေးကွက်ကို မြန်မာအပါအ၀င် ကမ္ဘောဒီးယားနိုင်ငံကလည်း တင်သွင်းနေတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားကို ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “မြန်မာက အီးယူဈေးကွက်ကို လက်ရှိတင်ပို့တဲ့ နေရာမှာ အရည်အသွေးနိမ့်တဲ့ဆန်ကိုသာ တင်ပို့မှုရှိတဲ့အပြင် အရေအတွက်ကလည်း နည်းလို့ ကမ္ဘောဒီးယားကို ယှဉ်ပြိုင်နိုင်ဖို့အတွက် လိုအပ်ချက်များစွာ ရှိနေပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် တခြားအခက်အခဲက အရည်အသွေးမြင့် အမျိုးအစားကို တင်ပို့ဖို့က ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ လိုတယ်လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။

“အရည်အသွေးမြင့် အမျိုးအစားဖြစ်တဲ့ ပေါ်ဆန်းမွှေး အပါအ၀င် လုံးသွယ်မွှေး အမျိုးအစား တွေကို တင်ပို့ဖို့ဆိုတာကလည်း ပြည်တွင်းဈေးကို အိတ်စပို့ဈေးက မလိုက်နိုင်တဲ့အတွက် ကုန်ကျစရိတ်သက်သာအောင် ထုတ်လုပ်နိုင်ဖို့လိုပါတယ်။”

လက်ရှိမှာ အီးယူက ၁ နှစ်ကို ပြည်ပကနေ ဆန်တင်သွင်းမှု တန်ချိန် ၁ သန်းရှိတဲ့အနက် ကမ္ဘောဒီးယားက အများဆုံးတင်သွင်းမှုရှိနေပြီး မြန်မာကတော့ အနည်းအကျဉ်းသာ တင်သွင်းမှု ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013