
ပြင်သစ်နိုင်ငံမှာ ဆန္ဒပြ အဓိကရုဏ်းတွေ ဖြစ်ပွားမှုကို ရုရှားက ဆိုရှယ်မီဒီယာမှာ အသုံးချခဲ့ကြောင်း အီးယူက ဆိုတယ်လို့ ရိုက်တာက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လက ပြင်သစ်မှာ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပြီး အစိုးရက လူဝင်မှုကြီးကြပ်ရေးကို ထိန်းချုပ်နိုင်မှု မရှိသလို ဆန္ဒပြပွဲတွေကို မထိန်းချုပ်နိုင်ဘူးဆိုတဲ့ ပြစ်တင်မှုတွေ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရုရှားက အသုံးချခဲ့တယ်လို့ ဆိုပါတယ်။
ဆိုရှယ်မီဒီယာ အကောင့်တွေကို လေ့လာကြည့်တဲ့အခါ အစ္စရေးနဲ့ အမေရိကန် လူမျိုးကြီးဝါဒ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေပြီး အဓိကရုဏ်းကို ရန်လိုတဲ့ အကြောင်းတွေ ဖော်ပြပြီး ရွှေ့ပြောင်းနဲ့ အစ္စလာမ် အစွန်းရောက်ဝါဒတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
ပြင်သစ်ပြည်တွင်းရေးကို သူတို့ရဲ့ နိုင်ငံရေးအတွက် အသုံးချဖို့ ကြိုးစားလေ့ရှိတယ်ဆိုတဲ့ အကြောင်းလည်း ဥရောပ သတင်းမှားလေ့လာရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
ရုရှားဟာ အနောက်မီဒီယာကြီးတွေပုံစံ အယောင်ဆောင်ပြီး ပြင်သစ်ပြည်သူတွေကို ပစ်မှတ်ထားခဲ့တာပါ။
သူတို့ရဲ့ မမှန်မကန်သတင်းလွှင့်မှုတွေ အထဲမှာ ဆန္ဒပြသူတွေကို ရွှေ့ပြောင်းတွေက မုဒိမ်းမှု ကျူးလွန်ခဲ့တယ် ဆိုတာမျိုး မမှန်မကန်သတင်းတွေနဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ မကြာခင် လာတော့မယ် ဆိုတာမျိုးတွေ ပါဝင်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
ဩဂုတ်လကလည်း ၂၀၂၇ ခုနှစ် ပြင်သစ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သတင်းမှားတွေ ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇတ်ဟာရိုဗာက စွပ်စွဲချက်တွေကို ပယ်ချခဲ့ဖူးပါတယ်။
အောက်တိုဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ကြည့်ရှုသူ ၂ ဒသမ ၈ သန်းအထိ ရှိတဲ့ pro-Russian spheres ဆိုတဲ့ ရုရှားလိုလားတဲ့ အကောင့်မှာ ကြည့်ရှုသူအများဆုံးပို့ ၁၀ ခုအထိ တွေ့ရှိခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ မငြိမ်မသက် ဖြစ်နေမှုကို ဖော်ပြတဲ့ MEGA လှုပ်ရှားမှု၊ မီဒီယာအဖွဲ့တွေနဲ့ influencer တွေနဲ့ ဆက်စပ်တဲ့လင့်က ပို့စ်တွေကလည်း ၄၉ သန်းအထိ ကြည့်ရှုသူမြင့်တက်ခဲ့တယ်လို့ ပြင်သစ်ဝန်ကြီးဌာနက ဖော်ပြပါတယ်။
အဲဒီကာလမှာ အစ္စရေးအစိုးရ၊ အာဏာပိုင်တွေ၊ မီဒီယာတွေနဲ့ influencer တွေရဲ့ အကောင့်တွေမှာ ကြည့်ရှုသူ ၃၅ သန်းအထိ ရှိတယ်လို့ ပြင်သစ်က ဖော်ပြပါတယ်။
Source: Reuters











