DVB Logo
Home
မြန်မာသတင်း
VeVe အမှတ်တံဆိပ် စတော်ဘယ်ရီနို့ဘူးများကို ဈေးကွက်မှ ပြန်ရုပ်သိမ်းရန် FDA သတိပေး
DVB
·
October 15, 2026
Photo: MOI
Photo: MOI
Donate to DVB

မင်းသမီး ဝတ်မှုန်ရွှေရည်ရဲ့ ခင်ပွန်း နိုင်ဖြိုးကျော်နဲ့ Universe Myanmar ဖြစ်ခဲ့တဲ့ မိုးစက်ဝိုင် တို့ ကုမ္ပဏီက ထုတ်တဲ့ VeVe အမှတ်တံဆိပ် စတော်ဘယ်ရီနို့ဘူးတွေကို ဈေးကွက်က ပြန်ရုပ်သိမ်းဖို့ အောက်တိုဘာ ၁၄ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သတိပေးလိုက်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ Green Circle ကုမ္ပဏီက ထုတ်လုပ်တဲ့ VeVe အမှတ်တံဆိပ် စတော်ဘယ်ရီ အရသာ နို့ဘူးတွေမှာ အစားအသောက် ထပ်ဖြည့်ပစ္စည်းတမျိုးဖြစ်တဲ့ Sodium Cyclamate ပါဝင်မှုနှုန်း သတ်မှတ်ချက်ထက် ကျော်လွန်နေတယ်လို့ ဖော်ပြထားပါတယ်။

ဈေးကွက်အတွင်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Ocean Supercenter ကုန်တိုက်ကတဆင့် ဓာတ်ခွဲစစ်ဆေးဖို့ ကောက်ယူခဲ့တဲ့ VeVe စတော်ဘယ်ရီအရသာ နို့ဘူးကို စစ်ဆေးခဲ့တဲ့အခါ ခွင့်ပြုထားတဲ့ အများဆုံးပမာဏထက် ကျော်လွန်နေတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် ဈေးကွက်အတွင်းက ပြန်လည်ရုပ်သိမ်းဖို့ အများပြည်သူအတွက် အသိပေးချက်တရပ် အနေနဲ့ ထုတ်ပြန် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

နို့ဘူးတွေမှာ အချိုဓာတ်တုတမျိုးဖြစ်တဲ့ Sodium Cyclamate ပါဝင်မှုနှုန်း (322.64 ppm) ဖြစ်ပြီး သတ်မှတ်ခွင့်ပြုချက်ပမာဏ (Maximum: 250 ppm) ထက် သိသာစွာ ကျော်လွန်နေတယ်လို့ FDA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘေးအန္တရာယ်ရှိနိုင်တာကြောင့် ဈေးကွက်ထဲက ပြန်လည်ရုပ်သိမ်းရမဲ့ VeVe စတော်ဘယ်ရီ အရသာ နို့ဘူးတွေကို ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ Green Circle ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပြီး သက်တမ်းကုန်ဆုံးရက်စွဲ (Expiry Date) အမှတ်အသားအဖြစ် “Exp: 3-4-27” လို့ ရိုက်နှိပ်ထားတဲ့ နို့ဘူးတွေ ဖြစ်တယ်လို့လည်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရဲ့ သတိပေးထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူသိများတဲ့ VeVe အချိုရည်နဲ့ အဖျော်ယမကာလုပ်ငန်းများကို Green Circle Co., Ltd., က ပိုင်ဆိုင်ပြီး ဝတ်မှုန်ရွှေရည်ရဲ့ ခင်ပွန်း ဦးနိုင်ဖြိုးကျော်က ဒုတိယဥက္ကဋ္ဌ တာဝန်ယူပြီး ဦးဆောင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ဦးနိုင်ဖြိုးကျော် ဟာ Miss Universe Myanmar တယောက် ဖြစ်ခဲ့တဲ့ မိုးစက်ဝိုင် ရဲ့ အစ်ကိုလည်း ဖြစ်ပါတယ်။

Photo: MOI

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013