
အမေရိကန်နိုင်ငံရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်မှုကို ခံခဲ့ရတဲ့ ကမ္ဘာ့ဖလား ဒိုင်လူကြီး အိုမာအာတန်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က Super Cup ဖလား ပွဲစဉ်အတွက် ဒိုင်လူကြီးအဖြစ် ခန့်အပ် လိုက်ပါတယ်။
ဆိုမာလီနိုင်ငံသား အာတန်ဟာ လာမဲ့ ဩဂုတ် ၁၂ ရက်နေ့ ကစားမဲ့ ပီအက်စ်ဂျီနဲ့ အက်စတွန်ဗီလာ တို့ရဲ့ Super Cup ပွဲစဉ်ကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရကတော့ အာတန်ကို အကြမ်းဖက်မှု စိုးရိမ်ရတဲ့ အကြောင်းပြချက်နဲ့ ပြည်ဝင်ခွင့် ပိတ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် အာတန်ဟာ ၂၀၂၅ ခုနှစ်ရဲ့ အာဖရိက အကောင်းဆုံး ဒိုင်လူကြီးဆု ရရှိထားသူ ဖြစ်ပါတယ်။
UEFA ဥက္ကဋ္ဌ ဆီဖီရင်က ဘောလုံးဟာ လူတွေကို ချိတ်ဆက်ပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အာတန်ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို လေးစားမှုပြသဖို့ အခုလို ခန့်အပ်တာလို့လည်း ဆိုပါတယ်။
အာတန်ကတော့ ကမ္ဘာ့ဖလားပွဲ ကိုင်တွယ်ခွင့် ဆုံးရှုံးခဲ့ရတာကြောင့် သူ့ရဲ့ အိမ်မက်ကြီး ပျက်စီးသွားခဲ့ရတယ်လို့ ဖွင့်ဟထားပါတယ်။
Photo:Reuters











