ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုနဲ့ အဖွဲ့အစည်းအပေါ် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က နာမည်ဖျက် စိစစ်တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဖီဖာ (FIFA) က အမေရိကန်တရားရုံးထံ တင်သွင်းတဲ့ စာရွက်စာတမ်းတွေမှာ စွပ်စွဲထားတယ်လို့ BBC အားကစားသတင်းက ဖော်ပြပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရှယ်ယာတွေ ရောင်းစားမဲ့ စီးပွားရေးဆိုင်ရာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အင်ဖန်တီနိုကို UEFA က မလျော်ဩဇာသုံးမှု အပါအဝင် ပြစ်မှုဆိုင်ရာ တရားစွဲဆိုဖို့ အမေရိကန်တရားရုံးထံ အထောက်အထားတွေ တောင်းဆိုခဲ့တာပါ။
ဒါပေမဲ့ ဒီစီမံကိန်းဟာ အဆိုပြုချက်မျှသာဖြစ်ပြီး ဒီမိုကရေစီနည်းကျ ဆွေးနွေးပွဲမှာ မပါဝင်ဘဲ UEFA က သားပုပ်လေလွင့် လုပ်နေတာလို့ ဖီဖာက ပြန်လည်ချေပထားပါတယ်။











